2018 iPad Pro အတွက် ဈေးသင့်ပြီး သင့်တော်တဲ့ Accessories ( ၆ ) ခု

327

ဈေးကွက်ထဲမှာတော့ 2018 iPad Pro အတွက် ဆက်စပ်နေတဲ့ Accessories တွေ အများကြီး ရှိပါလိမ့်မယ် ။ နာမည်ကြီး Brand တွေလည်း ရှိနေပါတယ် ။ သို့ပေမယ့် ဈေးတွေကတော့ ခေါင်ခိုက်နေမှာပါ ။ ဥပမာဆို Apple ရဲ့ Smart Keyboard Case ဟာ $ 200 လောက် အောက်ထစ်ရှိပါမယ် ။ Leather Sleeve ( လည်သာအစွပ် ) ဆို $ 100 ။ Apple Pencil က $ 129 ။ 

ဆိုတော့ ငွေရေးကြေးရေးက အဓိက မကျဘူး ။ Apple Eco Systems ကိုပဲ သီးသန့် အသုံးပြုချင်တဲ့ သူတွေကိုတော့ မပြောလိုပါဘူး ။ Budget ကို ချင့်ချိန်ပြီး အသုံးပြုမယ့် သူတွေအတွက် ဒီပို့စ်က ရည်ရွယ်ပါတယ် ။ အကုန်ကျနည်းနည်းဖြင့် 2018 iPad Pro နဲ့ လိုက်ဖက် သင့်တော်တဲ့ Accessories ( ၆ ) ခုကို ပြောပြပါမယ် ။ 

( 1 ) Lamicall Aluminum Tablet Stand

iPad နဲ့ အလုပ် ကြာရှည်စွာ ပြုလုပ်ရမယ့် သူတွေအတွက် စားပွဲပေါ်မှာ ခန့်ခန့်ညားညားဖြင့် ထောင်ထားပြီး အချိန်ကြာရှည်စွာ အသုံးပြုလို့ရမယ့် အလူမီနမ် Stand ပါ ။ 

Adjust လုပ်လို့ ရပါမယ် ။ 

ဝယ်ယူမယ်ဆိုပါက $ 13.99 ပါ ။

( 2 ) Aukey 10,000mAh Battery Pack

iPad Pro ရဲ့ Battery Life ဟာ ဂွတ်ပါတယ် ။ ဒါပေမယ့်လည်း အချိန်အကြာကြီး အသုံးပြုတတ်တဲ့ သူတွေအတွက်ကတော့ Power Bank လေး ဆောင်ထားဖို့ လိုအပ်ပါမယ် ။ ဒီအတွက် Aukey ရဲ့ 10000 mAh Battery Pack လေးက သင့်တော်ပါလိမ့်မယ် ။ USB-C Port ပါဝင်သလို အခြား Devices တွေကို အားသွင်းဖို့အတွက်လည်း USB-A Port ပါဝင်ပါသေးတယ် ။ Fast Charging Feature ပါဝင်ပါတယ် ။ ဒီတော့ Aukey ရဲ့ 10000 mAh Power Bank လေးက 2018 iPad Pro အတွက် သင့်တော်ပါတယ် ။ ဈေးကတော့ $ 29.99 ကျသင့်ပါမယ် ။ 

( 3 ) Satechi USB-C hub

Professional ကျကျ အသုံးပြုနေတဲ့သူမှ မဟုတ်ပါဘူး ။ iPad နဲ့ Devices အများကြီးကို ချိတ်ဆက်ပြီး အသုံးပြုလေ့ ရှိတဲ့သူတွေအတွက် လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်မယ့် USB Hub လေး ဖြစ်ပါတယ် ။ USB-C Hub ဖြစ်ပါတယ် ။ HDMI နဲ့ ချိတ်လို့ ရမယ် ။ 3.5 mm Jack လည်း ချိတ်ဆက်နိုင်ပါမယ် ။ ဒါ့အပြင် ဒီ USB-C Hub ကနေ ချိတ်ဆက်ထားတဲ့ အခြားသော Devices များကိုလည်း အားပြန်သွင်းပေးနိုင်ပါသေးတယ် ။ စိတ်ဝင်စားလို့ ဝယ်ယူမယ်ဆိုရင်တော့ $ 59.99 ကျသင့်ပါမယ် ။ 

( 4 ) Anker Wireless Keyboard

Emails တွေ Reply ပြန်မယ် ။ စာတွေ အများကြီး ရိုက်ရမယ် ။ အဲဒီအတွက် 2018 iPad Pro ကို Wireless Keyboard လေးနဲ့ ချိတ်ဆက်ပေးရပါမယ် ။ အထာကျကျပေါ့ ။ 

Anker ရဲ့ Wireless Keyboard ဟာ ပေါ့ပါးတယ် ။ ကျစ်လစ်တယ် ။ 2018 iPad Pro နဲ့ တွဲဖက်ဖို့ သင့်လျှော်တဲ့ Product တစ်ခုလည်း ဖြစ်ပါတယ် ။ သွားလာရင်း အရေးပေါ် ပြုလုပ်နိုင်မယ့် Function Buttons တွေ ပါဝင်ပါမယ် ။ iPad ရဲ့ Touch Screen ကို ထိတွေ့ပြီး အသုံးပြုနေတာထက် ပိုပြီး စမတ်ကျ ၊ Family ဆန်ပါတယ် ။ သူ့မှာ အားနည်းတာဆိုလို့ Wireless ဖြစ်တဲ့အတွက် ကြာရှည် အသုံးပြုဖို့ မဖြစ်နိုင်တာပါပဲ ။ ဈေးကတော့ $ 23.99 ပါ ။ 

( 5 ) AmazonBasics Stylus

Apple Pencil ကိုတော့ မယှဉ်နိုင်ပါဘူး ။ ဒါပေမယ့် Apple Pencil ကို Budget အရ မစဉ်းစားချင်တဲ့ သူများအတွက်တော့ $ 129 အကုန်ခံနေစရာ မလိုပါဘူး ။ ဒီအတွက် Amazon Basic Stylus ဟာ အသုံးပြုသင့်တဲ့ Good Stylus လေးပဲ ဖြစ်ပါတယ် ။ Touch Screen ပေါ်မှာ ကောင်းကောင်း အလုပ်လုပ်တယ် ။ ကြည့်ရတာလည်း စမတ်ကျတယ် ။ သုံးရတာလည်း စိတ်ကျေနပ်မှု ရစေတယ် ။ ပေးရတာနဲ့ကတော့ တန်တယ်လို့ ခံစားရစေမှာကတော့ အသေအချာပါပဲ ။ ဈေးကလည်း $ 5.99 ပဲ ကျသင့်ပါတယ် ။ 

( 6 ) ESR Yippee Magnetic Smart Case

2018 iPad Pro ရဲ့ ချောမွတ် တောက်ပြောင်တဲ့ Body ဟာ မြင်ရတာ ကျက်သရေ ရှိပေမယ့် ဆိုးဝါးတဲ့ အချက်တစ်ခုလည်း ဖြစ်နေခဲ့ပါတယ် ။ ချောမွတ်မှုကြောင့် အသုံးပြုနေရင်း မတော်တဆ လွတ်ကျမှာမျိုးကို စိုးရိမ်ရပါတယ် ။ Apple Care+ တတ်နိုင်တဲ့သူတွေအတွက် ကိစ္စမရှိပေမယ့် Apple Care ဆိုတာ ဘာမှန်းတောင် မသိတဲ့ သူတွေအတွက်တော့ ဒီ Magnetic Smart Case လေးက ဆောင်ထားရမယ့် Accessories တစ်ခုပဲ ဖြစ်ပါတယ် ။ Apple ထုတ် မဟုတ်ပေမယ့်လည်း ဒီ Magnetic Smart Case ဟာ 2018 iPad Pro တွေအတွက်တော့ Great Choice တစ်ခုပဲ ဖြစ်ပါတယ် ။ ဈေးကလည်း $ 19.99 ပဲ ရှိပါတယ် ။ 

ဒါတွေကတော့ 2018 iPad Pro အတွက် ဈေးသက်သာပြီး အသင့်တော်ဆုံးလို့ ယူဆရတဲ့ Accessories တွေပဲ ဖြစ်ပါတယ် ။ 

( ဘယ် Web , ဘယ် Sites က မှာလို့ ရမယ်တော့ Admin လည်း မသိပါဘူး ???? 2018 iPad Pro ကို မြင်ပဲ မြင်ဖူးသေးပါတယ် ။ ကိုင်တောင် မကိုင်ကြည့်ဖူးသေးပါဘူး ???? ) 

Ref : iPhoneHacks 

အားလုံးချမ်းမြေ့ကြပါစေ ။ 

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
537 Shares