Latest iOS Version အမြင့်မှ iOS Version အနိမ့်သို့ Downgrade ဆင်းနည်း

Apple အနေဖြင့် Latest iOS Version ကိုသာ အမြဲတင်ခွင့်ပေးလေ့ရှိပြီး သူ့ထက်နိမ့်တဲ့ Version ကို ပြန်ဆင်းဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိသာ ဖွင့်ပေးထားလေ့ရှိပါတယ် ။

ဒါကြောင့် Latest iOS Version ကို တင်ပြီးကာမှ အဆင်မပြေလို့ ၊ မကြိုက်လို့ ၊ Jailbreak စောင့်ချင်လို့ စသည့် စသည့် အတွေးများ အခက်အခဲများ ရှိလာနေသူများကတော့ အချိန်ရှိတုန်း Downgrade လုပ်ရပါမယ် ။ Apple အနေဖြင့် အရင် Versions တွေမှာတုံးက Latest iOS Version ထုတ်ပေးပြီးလျှင် iOS Version အနိမ့်သို့ Downgrade လုပ်ခွင့် အချိန်တစ်ပါတ်လောက်ပဲ ခွင့်ပြုပေးလေ့ ရှိပါတယ် ။

Downgrade မလုပ်ခင် ကျနော်တို့ ဆင်းချင်တဲ့ iOS Version ကို Apple မှ ဆင်းခွင့် ပေးထားလား ၊ မပေးထားဘူးလား ဆိုတာကို သေချာအောင်လို့ ဒီမှာ သွားစစ်ကြည့်ပါမယ် ။ 

iOS Version စစ်ရန် ( http://ipsw.me )

( အစိမ်းရောင် စာလုံး ၊ Rows နဲ့ ပြထားတဲ့ iOS Versions သည် Apple မှ Downgrade ဆင်းခွင့် ပေးထားသည့် iOS Versions ဖြစ်ပါတယ် ။ ) 

အခု Downgrade ဆင်းမယ့် iOS Versions ကို စစ်ကြည့်ပြီးပြီ ဆိုတော့ Downgrade ဆင်းနည်းတွေကို ပြောပြပါမယ် ။ Downgrade ဆင်းတဲ့အခါမှာ နည်းလမ်း ( ၂ ) မျိုးကို ရွေးချယ်နိုင်ပါမယ် ။ တစ်မျိုးက မိမိတို့ရဲ့ iPhone , iPad ထဲက Data တွေကို မပျက်စီးစေပဲ Downgrade ဆင်းတဲ့နည်း ။ နောက်တစ်မျိုးကတော့ ပထမနည်းနဲ့ ဆန့်ကျင်ဖက် Devices တွေထဲက Data တွေကို လုံးဝ ဖြတ်ပစ်ပြီး ဆင်းတဲ့နည်းပဲ ဖြစ်ပါတယ် ။ 

Method ( 1 ) 

( Data တွေကို မဆုံးရှုံးပဲ iOS Versions Downgrade ဆင်းနည်း )

ဒီနည်းဟာ အန္တရာယ်များတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ် ။ ( မလုပ်ခင် သေချာ စဉ်းစားစေချင်ပါတယ် ။ အခန့်မသင့်ရင် Data တွေ အကုန် ဆုံးရှုံးသွားနိုင်လို့ ဖြစ်ပါတယ် ။ ) ဒါပေမယ့် iPhone , iPad တွေရဲ့ Data တွေကို မဆုံးရှုံးရစေပဲ iOS Versions ကို Downgrade ဆင်းနိုင်ပါမယ် ။ 

ပထမဆုံး Setting >> Apple ID , iCloud , … >> iCloud >> Find my iPhone ကို Off ပေးရပါမယ် ။ 

Downgrade ဆင်းမယ့် iOS Versions ရဲ့ Firmware ( iOS iPSW Files ) ကို Download ဆွဲရပါမယ် ။ သက်ဆိုင်ရာ Devices အလိုက် Firmware Files တွေကို Download လုပ်ပါ ။ ဒီ Firmware Files တွေကို PC ( Computer ) နဲ့သာ Download ဆွဲဖို့ Recommend ပေးပါတယ် ။

Latest iOS Version တင်ထားတဲ့ iOS Devices ကို Computer နဲ့ ချိတ်ပါ ။ 

ကွန်ပျူတာထဲက iTunes Software ကို ဖွင့်ပြီး ဘယ်ဖက်အပေါ်က iOS Device အိုင်ကွန်ပုံလေးကို နှိပ်ပါ ။ 

အဲဒီနောက် ဘယ်ဖက် Sidebar မှာရှိတဲ့ Summary ကို နှိပ်လိုက်ပါ ။ 

Mac ဆိုရင် Alt/Option Key ကို နှိပ် ၊ Windows ဆိုရင် Shift Key ကို နှိပ်ပြီး Check for Update ဆိုတဲ့ Option ကို နှိပ်လိုက်ပါ ။ 

စောစောက Download ဆွဲထားတဲ့ iOS Firmware Files ( Downgrade ဆင်းမယ့် iOS firmware files ) ကို ရွေးပေးလိုက်ရပါမယ် ။ 

iTunes ကနေ iOS Device ကို Apple နဲ့ ချိတ်ဆက်ပြီး Verify လုပ်နေတာကို ခေတ္တစောင့်ပေးပါ ။ 

Update ကို နှိပ်ပါ ။

အခုဆိုရင် iTunes က iOS Device ကို iOS Version Downgrade ဆင်းပေးနေပြီ ဖြစ်ပါတယ် ။ 

Method ( 2 )

( Data တွေ အကုန်ပျက်ပြီး iOS Version Downgrade ဆင်းနည်း )

ဒီနည်းလမ်းကတော့ အန္တရာယ်ကင်းပါတယ် ။ ဒါပေမယ့် Devices ထဲရှိ Data အနည်းအများအလိုက် Backup လုပ်ပြီး Restoring ပြန်လုပ်ရမည့် အချိန်ကြာမြင့်မှုတော့ ရှိပါမယ် ။ ( iCloud မှ Backup Data တွေကိုသာ Restoring ပြန်လုပ်တယ်ဆိုရင် အင်တာနက်ကွန်နက်ရှင် အပေါ်မှာလည်း မူတည်ပါမယ် ။ ) 

ဒီမှာ အရေးကြီးတာ ရှိပါတယ် ။ Data Restore ပြန်လုပ်တဲ့အခါမှာ Downgrade ဆင်းမယ့် iOS Version ရဲ့ Data တွေ ( ဒါမှမဟုတ် ) အဲဒီအောက် နိမ့်တဲ့ Data ( Lower Compatible Backup ) တွေကိုသာ Restoring လုပ်လို့ ရပါမယ် ။ Upgrading လုပ်ထားခဲ့တဲ့ Latest iOS Version ရဲ့ Backup Data တွေကိုတော့ ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ် ။ 

Downgrade ဆင်းမယ့် iOS Versions ရဲ့ Firmware ( iOS iPSW Files ) ကို Download ဆွဲရပါမယ် ။ ( သက်ဆိုင်ရာ Devices အလိုက် Firmware Files တွေကို Download လုပ်ပါ ။ 

( အပေါ်မှာ Download Links ပေးထားပါတယ် ။ )

( ဒီ Firmware Files တွေကို PC ( Computer ) နဲ့သာ Download ဆွဲဖို့ Recommend ပေးပါတယ် ။ iPhone , iPad ဖြင့် ဒေါင်းမယ်ဆိုရင်တော့ Downloader Browsers များဖြင့် ဒေါင်းရပါမယ် ။ ဒေါင်းပြီးရင်လည်း လွယ်လင့်တကူ ရှာဖွေလို့ ရအောင်လို့ နေရာတစ်ခု ၊ folder တစ်ခု ဆောက်ပြီး ထည့်ထားပေးပါ ။ ) 

iOS Device ကို DFU mode သို့ ပြောင်းပေးပါ ။ 

DFU mode သို့ ပြောင်းနည်း … 

iOS Device ကို Computer နဲ့ ချိတ်ပါ ။ 

Sleep / Wake Button ( Power Button ) ကို ခပ်ကြာကြာနှိပ်ပြီး Slider to Power Off ပေးပါ ။ 

Power Button ကို ( ၃ ) စက္ကန့် နှိပ်ထားပါ ။

Power Button ကို နှိပ်ထားတာ မလွှတ်သေးပဲ Home Button ကို ( ၁၀ ) စက္ကန့်မျှ နှိပ်ထားပါ ။

Power Button ကို လွှတ်လိုက်ပြီး Home Button ကို ဆက်ပြီး နှိပ်ထားပါ ။ iOS Device နဲ့ ချိတ်ဆက်မိကြောင်း iTunes မှ popup လေး ပေါ်လာပြီဆိုရင်တော့ Device ဟာ Recovery Mode ထဲသို့ ဝင်သွားပြီ ဖြစ်ပါတယ် ။ 

DFU mode မှ ထွက်နည်း … 

DFU mode မှ ထွက်မယ်ဆိုရင် Sleep / Wake Button ( Power Button ) နဲ့ Home Button ကို တပြိုင်ထဲ အနည်းဆုံး ( ၁၀ ) စက္ကန့်မျှ နှိပ်ထားရပါမယ် ။ Apple Logo ပေါ်လာမှ လွှတ်ပေးလိုက်ပါ ။

( iPhone Models အလိုက် DFU Mode သို့ ဝင်ရောက်နည်းတွေကို ဒီပို့စ်မှာ ဖတ်ကြည့်ပါ ။ https://www.zweman.org/tech/752/ )

iOS Device နဲ့ Computer မှ iTunes Software တို့ ချိတ်ဆက်မိကြောင်း ဒီ popup လေး ပေါ်လာရင် OK ကို နှိပ်ပါ ။ 

ကွန်ပျူတာထဲက iTunes Software ကို ဖွင့်ပြီး ဘယ်ဖက်အပေါ်က iOS Device အိုင်ကွန်ပုံလေးကို နှိပ်ပါ ။ 

အဲဒီနောက် ဘယ်ဖက် Sidebar မှာရှိတဲ့ Summary ကို နှိပ်လိုက်ပါ ။ 

Mac ဆိုရင် Alt/Option Key ကို နှိပ် ၊ Windows ဆိုရင် Shift Key ကို နှိပ်ပြီး Check for Update ဆိုတဲ့ Option ကို နှိပ်လိုက်ပါ ။ 

( အထူးသတိပေးချက် >>>

Mac ( Alt/Option Key ) ဒါမှမဟုတ်  Windows ( Shift Key ) တို့ကို မနှိပ်ပဲ Restore iPhone ကို တိုက်ရိုက် နှိပ်လိုက်ပါက Latest iOS Version ကိုသာ အလိုအလျှောက် Restoring လုပ်သွားမှာပဲ ဖြစ်ပါတယ် ။

စောစောက Download ဆွဲထားတဲ့ iOS Firmware Files ( Downgrade ဆင်းမယ့် iOS firmware files ) ကို ရွေးပေးလိုက်ရပါမယ် ။ 

အဒီနောက် Restore and Update ကို နှိပ်လိုက်ပါ ။ 

ပြီးရင် ပေါ်လာတဲ့ informations ရဲ့ အောက်က Next ကို နှိပ်ပါ ။ 

Agree ကို ဆက်နှိပ်ပြီး သွားပါ ။

iTunes ကနေပြီး iOS Firmware ကို Verify လုပ်ပြီး iOS Device ထဲကို install လုပ်ပေးသွားပါလိမ့်မယ် ။ 

iOS Downgrade Version ကို Restore လုပ်လို့ ပြီးသွားပါက iOS Device ရဲ့ Screen ပေါ်မှာ ‘ Hello ‘ ဆိုတဲ့ စာတန်းလေးကို မြင်တွေ့ရပါလိမ့်မယ် ။ 

ပြီးရင်တော့ Set up လုပ်တဲ့အဆင့်အတိုင်းသွားပြီး Backup လုပ်ထားခဲ့တဲ့ကျနော်တို့ရဲ့ Personal Data တွေကို Restoring ပြန်လုပ်ပေးလိုက်ရုံပါပဲ။

( iCloud မှာ Backup လုပ်ထားတဲ့သူက iCloud ကနေ Data တွေကို Restoring လုပ်ပြီး ပြန်ယူပါ ။ iTunes Software ( Computer ဖြင့် ) Backup လုပ်ထားတဲ့သူတွေကလည်း iTunes မှ Data တွေကို Restoring ပြန်လုပ်ယူပါ ။ ) 

အခုဆိုရင် iPhone , iPad or iPod touch တို့ကို လက်ရှိ Latest iOS Version ကနေ Downgrade iOS Version သို့ Downgrading ဆင်းပြီးသွားပြီ ဖြစ်ပါတယ် ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
0 Shares