မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ အိန္ဒိယကို နိုင်ပြီး ဆီမီးဖိုင်နယ်တက်ပြီ

864

မြန်မာ့ဂုဏ်ဆောင်ကြက်တောင်အားကစားမယ်လေး သက်ထားသူဇာကတော့ ပရိသတ် အားပေးရကျိုး နပ်ပြန်ပါပြီ ခင်ဗျာ။ လက်ရှိ ယှဉ်ပြိုင်နေတဲ့ မြန်မာ အင်တာနေရှယ်နယ် စီးရီး ကြက်တောင်ပြိုင်ပွဲမှာ အိန္ဒိယအားကစားသမားကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားနိုင်ပါပြီ။ မြန်မာ့ရေ မြန်မာ့မြေမှာ သက်ထားသူဇာတယောက် ဆုတံဆိပ်ကို ဆွတ်ခူး ရရှိသွားနိုင်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ မြန်မာ ပရိသတ်တွေကတော့ သက်ထားသူဇာကို အစဉ်အမြဲ အားပေးနေဆဲပါပဲ ခင်ဗျာ။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ အိန္ဒိယကို နိုင်ပြီး ဆီမီးဖိုင်နယ်တက်ပြီ

ရန်ကုန် မြို့မှာ ကျင်းပ နေတဲ့ မြန်မာ အင်တာနေရှင်နယ် စီးရီး ၂၀၁၉ ကြက်တောင် ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာ ဟာ အိန္ဒိယ ကစားသမား ကို အနိုင် ရရှိခဲ့ပါတယ်။

သက်ထားသူဇာ ဟာ အိန္ဒိယ ကြက်တောင် အားကစားသမား ဆာမီယာ နဲ့ သုံးပွဲ ကစားရာမှာ ပထမ တစ်ပွဲမှာ ၂၁ -၁၃ နိုင်ခဲ့ပါတယ်။ ဒုတိယ ပွဲမှာတော့ ၁၃-၂၁ ရှုံးနိမ့် ခဲ့ပြီး၊ တတိယ ပွဲမှာ ၂၁-၁၆ နဲ့ အနိုင် ရရှိကာ အကြိတ်အနယ် ကစားပြီး ဆီးမီးဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘီဘီစီ (လေးစားမှုဖြင့် ခရက်ဒစ်)

Facebook Comments
3K Shares