ဒေါ်လာဈေးကို Stock App ကနေကြည့်ကြမယ်

1954

iOS User တိုင်း Original App တစ်ခုဖြစ်တယ့် Stock App ကို မြင်ဖူးတွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် User အများစုကတော့ Stock App ကို အသုံးမပြုကြပါဘူး။ ဘယ်လိုအသုံးဝင်တယ်ဆိုတာလဲ မသိကြပါဘူး။ Stock App ဟာ နိုင်ငံတကာက Stock Share ဈေးကွက်အတက်အကျ ကို ကြည့်ရှုနိုင်ပီး ဒေါ်လာဈေး ငွေလှဲလယ် နှုန်းပါကြည့်ရှု့နိုင်ပါတေးတယ်။ တခြား Third party ဒေါ်လာဈေး ငွေလှဲနှုန်း App တွေမလိုပဲ ကြည့်ရှုနိုင်ပါတယ်။

အသုံးပြုနည်း

Step 1 — Stock app ထဲ ဝင်ပြီး ညာအောက်ထောင့်က edit icon လေးသွားနှိပ်ပါ

Step 2 — ပြီးရင် ကိုယ့်အတွက် အရေးမပါမျက်စိနောက်တဲ့ဟာတွေ ဖျက်ပလိုက်။ အဲ့တာပြီးရင် ဘယ်အပေါ်ထောင့်က add icon နှိပ်မယ်ဗျာ။

Step 3 — ဒီမှာ ကျွန်တော်တို့က USD ငွေလဲနှုန်း ကြည့်မှာမို့ USDMMK လို့ရေးပါ။ ပြီးရင် add icon လေးနှိပ်။
(တခြား ငွေကြေးတွေအများစုရပါတယ် ရမရသိချင်ရင် ကိုယ်ကြည့်မယ့် ငွေရဲ့ currency code နောက်မှာ mmkကိုကပ်ရေးလိုက်ပါ)

Step 4 — စိတ်ကြိုက်ဖြစ်ပြီဆို Done မယ်။

ရပီဆိုရင်ဒေါ်လာဈေး ကြည့်လို့ရပါပီ။

အလွယ်တကူကြည့်ချင်ရင်လဲ Widget မှာ ပေါင်းထည့်ထားလိုက်ရုံပါပဲ။

Khant Thura ( iOS Banker Myanmar Group Member

Facebook Comments
4K Shares