တောင်ကြီးတက္ကသိုလ်ဝန်းအတွင်း၌ လူငယ် ၂ ဦးအား လူ ၅ ဦးမှ ဓါးဖြင့် ၀ိုင်းထိုး

123

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ရှိတောင်ကြီးတက္ကသိုလ်ဝန်းအတွင်း၌မေလ၁၀ရက်၊ညနေပိုင်းတွင်လူငယ်ဦးအားအခြားလူဦးမှဓါးဖြင့်ဝိုင်းဝန်းထိုးနှက်ခဲ့ခြင်းကြောင့်တစ်ဦးဒဏ်ရာများရရှိကာဆေးကုသမှုခံယူနေရပြီးဓါးဖြင့်ဝိုင်းဝန်းထိုးနှက်ခဲ့သူများကိုရဲတပ်ဖွဲ့မှဖမ်းဆီးထားကြောင်းသိရသည်။

.

အရင်တုန်းကရန်ငြိုးရန်စရှိတဲ့သူတွေပါ။ကျောင်းသားတွေတော့မဟုတ်ပါဘူး၊ဓါးခုတ်ခံရတဲ့သူနဲ့သူ့သူငယ်ချင်းနဲ့ကအပြင်သွားဖို့ဆိုင်ကယ်နဲ့ထွက်လာတုန်းလူယောက်ရောက်လာပြီးတော့ဝိုင်းခုတ်ကြတာပါ။တရားခံယောက်လုံးကိုဖမ်းဆီးထားပါပြီ။ဟုတောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်မောင်နိုင်ကကမ္ဘောဇတိုင်းသို့ပြောသည်။

.

တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်နေစိုးမိုးအောင်နှင့်လွင်မိုးတို့မေလ၁၀ရက်၊ညနေနာရီ၊မိနစ်၂၀ခန့်တွင်တောင်ကြီးတက္ကသိုလ်ဝန်းမှမြို့တွင်းသို့သွားရောက်ရန်ထွက်ခွာလာစဉ်ဖြိုးထက်၊စိုးထက်၊စိုင်းမောင်မောင်၊ဖိုးပြည့်() ပြည့်စုံအောင်၊ဇင်ဇင်အောင်တို့ဦးရောက်ရှိလာပြီးဓါးဖြင့်ဝိုင်းဝန်းထိုးနှက်ခဲ့ခြင်းကြောင့်စိုးမိုးအောင်၏ရင်ဘတ်နှင့်နံရိုးအောက်တွင်ထိုးသွင်းဒဏ်ရာ၊လွင်မိုးတွင်ပွန်းပဲ့ဒဏ်ရာများရရှိကာစိုးမိုးအောင်အားစ၀်စံထွန်းဆေးရုံတွင်ပို့ဆောင်၍ဆေးကုသမှုခံယူနေခြင်းဖြစ်ကြောင်းတောင်ကြီးမြို့မရဲစခန်းမှသိရသည်။

.

တောင်ကြီးမြို့မရဲစခန်းစခန်းမှူးဒုရဲမှူးအောင်နိုင်ဝင်းမှ“  ဖြစ်စဉ်ဖြစ်ပြီးတော့နယ်ထိန်းအဖွဲ့နဲ့လိုက်ပြီးစုံစမ်းပါတယ်။တရားခံကယောက်ပေါ့၊ဖမ်းဆီးပြီးဥပဒေအတိုင်းအရေးယူဆောင်ရွက်နေပါတယ်ဟုပြောဆိုခဲ့သည်။

.

ထို့အတူအဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ဓါးဖြင့်ဝိုင်းဝန်းထိုးနှက်ခဲ့သူဖြိုးထက်အပါအ၀င်ဦးအားတောင်ကြီးမြို့မရဲစခန်းမှဥပဒေပုဒ်မ၃၂၆၊၁၁၄တို့ဖြင့်ဖမ်းဆီး၍အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ကမ္ဘောဇတိုင်း

https://www.kanbawzatainews.com/2019/05/51.html?m=1

Facebook Comments
0 Shares