အိမ်သုံးမီတာ ကျသင့်ခကို တွက်ချက်နည်း

7998

ဒီပို့စ်ကတော့ iOS တို့ iPhone တို့နဲ့ မသက်ဆိုင်ပါဘူး မြန်မာနိုင်ငံမှာ လတ်တလောBig Hot News ဖြစ်နေတဲ့ EPC ရဲ့ မီတာကောက်ခံနှုန်းနဲ့ ပါတ်သက်တဲ့ Knowledge လေးမို့ မြန်မာပြည်သူများအားလုံး ဗဟုသုတ ရစေရန် အလို့ငှါ Share ပေးလိုက်ရတာပဲဖြစ်ပါတယ်

အိမ်သုံးမီတာတွေအတွက်ပဲ ဖြစ်ပါတယ် ယူနစ်ကနေ ဘယ်နှယူနစ်အထိဆို ဘယ်လောက် ဘာညာ စသည်ဖြင့် ခေါင်းစားခံပြီး တွက်ချက်နေစရာ မလိုအောင်လို့ ဖန်တီးသူက စီစဉ်ပေးထားပါတယ်

မိမိတို့ရဲ့ အရင်လတွေက ဆောင်ထားခဲ့တဲ့ မီတာယူနစ်တွေ ဒါမှမဟုတ် လက်ရှိ သုံးစွဲထားပြီးဖြစ်တဲ့ မီတာယူနစ်တွေကို ရိုက်ထည့်ပေးလိုက်ပါက အရင်မီတာကောက်ခံနှုန်းနဲ့ဆို ဘယ်လောက် ကျသင့်မယ် လက်ရှိ ဈေးတက်သွားတဲ့ မီတာကောက်ခံနှုန်းနဲ့ဆို ဘယ်ရွေ့ဘယ်မျှအထိ ကျသင့်သွားမယ် .. တက်သွားမယ်ပေါ့ တစ်ခါထဲ အဖြေ Results ကို ထုတ်ပေးသွားမှာပဲ ဖြစ်ပါတယ်


ကျနော်ပေးထားတဲ့ Link ကို နှိပ်ပြီး သွားရပါမယ်

မီတာယူနစ်ရဲ့ ဘေးက Box ထဲမှာ မိမိတို့ သုံးစွဲထားပြီးဖြစ်တဲ့ ယူနစ်ကို ရေးထည့်ပေးရပါမယ် ပြီးလျှင် တွက်မည်ကို နှိပ်လိုက်ရုံပါပဲ ( ခေတ္တစောင့်ရပါမယ် )

ခဏကြာပြီးလျှင် ပုံထဲကလို ယခင်နှုန်းထားဆိုတဲ့ ဇယားကွက်ထဲမှာ ကျသင့် မီတာခကို ဖော်ပြပေးပါလိမ့်မယ်

သူ့အောက်မှာတော့

ယခုနှုန်းထားဆိုသည့် လက်ရှိတက်သွားတဲ့ မီတာကောက်ခံနှုန်းကို တွက်ချက်ပေးမယ့် ဇယားကွက်ပဲ ဖြစ်ပါတယ် အလိုအလျှောက် တွက်ချက်ပေးပြီး ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်

ကဲ ဒါဆိုရင်မိမိတို့အနေဖြင့် လက်ရှိသုံးစွဲထားတဲ့ မီတာယူနစ်ကို ဖတ်ကြည့်ပြီး မည်ရွေ့မည်မျှ ဆောင်ရမလဲ ဆိုတာကို လွယ်ကူစွာ တွက်ချက်ပြီး ကြိုတင်၍ သိရှိနိုင်ပါကြောင်း

အိမ်သုံးမီတာ ကျသင့်ခကို တွက်ရန်လင့်

Coded By Kyaw Zaw Naing

အားလုံးချမ်းမြေ့ကြပါစေ

ဇာနည် ( iOS Banker Myanmar )

Facebook Comments
3K Shares