Home Knowledge အသံကြားရုံနဲ့ ဘာသာပြန်ပေးမယ့် Application

အသံကြားရုံနဲ့ ဘာသာပြန်ပေးမယ့် Application

3433

ဒီ App အကြောင်း လာပြီး ပြောပြတုန်းက သိပ်ပြီး စိတ်ဝင်စားမှု ရှိခဲ့တာ မဟုတ်ဘူးရယ် ။ စမ်းကြည့်မယ်ပေါ့ ။ ဒီလောက်ပဲ တွေးလိုက်တာ ။ 

ဒေါင်းပြီး စမ်းကြည့်မှပဲ သာမန်ကာ လျှံကာ လုပ်ထားတဲ့ App မဟုတ်မှန်း သိလိုက်ရတယ် ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြတဲ့ App တစ်ခုဆိုတာကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မိတယ် ။ 

ခရီးသွားရင်း လမ်းမှာ စမ်းတယ် ။ လောလောဆယ်မှာတော့ iOS နဲ့ပဲ စမ်းရသေးတယ် ။ Andriod ပေါ်မှာတော့ ဘယ်လိုနေလဲ မသိရသေးဘူး ။ ပြန်ရောက်တော့မှ စမ်းဖို့ တေးမှတ်ထားတယ် ။ 

ခင်များလဲ စိတ်ဝင်စားတယ်ဆိုရင် စမ်းလို့ရတယ် ။ အဲ .. မဟုတ်သေးပါဘူး ။

ခင်များ စိတ်ကြိုက် သုံးလို့ရတယ်လို့ ပြောမှ မှန်မယ် ။ 

သူ့ကို အခကြေးငွေနဲ့ ရောင်းတာ မဟုတ်ဘူး ။ 

Free ပေးထားတာဖြစ်လို့ ခင်များကြိုက်သလို သုံးတာပဲဖြစ်ဖြစ် ၊ Share တာပဲဖြစ်ဖြစ် လုပ်လို့ရတယ် ။ သူက Translation App တစ်ခုတော့ ဟုတ်တယ် ။ ဒါပေမယ့် သာမန် Translation App တော့ မဟုတ်ဘူး ။ ဘာ App လဲဆိုတော့ သူက Voice Translations App တစ်ခု ဖြစ်နေလို့ပါပဲ ။ ဘာသာစကားမျိုးစုံကို အသံနဲ့ စာနဲ့ ဘာသာပြန်ပေးနိုင်စွမ်းရှိတဲ့ App ပဲ ဖြစ်ပါတယ် ။

ခင်များပြောလိုက်တဲ့ အသံကို မှတ်သားထားပြီး ဖုန်းစကရင်ပေါ်မှာ ခင်များရွေးချယ်ထားတဲ့ Language အရ ဘာသာပြန်ပေးထားတဲ့ စာတန်း ပေါ်လာမှာပဲ ဖြစ်ပါတယ် ။ ဘာသာပြန်ပြရာမှာလည်း ခင်များပြောလိုက်တဲ့ အသံထွက်အတိုင်းကိုလည်း ဖော်ပြပေးတယ် ။ ပြီးမှ ဘာသာပြန်ပေးထားတဲ့ စာတန်း ။ သူအောက်မှာက ခင်များအသံထွက်ကို အနီးစပ်ဆုံး ဘာသာပြန်ပေးထားတဲ့ စာတန်းဆိုပြီး ( ၃ ) မျိုး ဖော်ပြပေးမှာပဲ ဖြစ်ပါတယ် ။ 

ဘာသာစကားအမျိုးပေါင်း ( ၃၀ ) နီးပါးကို ဘာသာပြန်ပေးနိုင်တဲ့ စွမ်းရည် ရှိပါတယ် ။ ဒါ့အပြင် အဆိုပါ Application မှာ “ report error” ပါဝင်သည့်အတွက်လည်း သုံးစွဲသူများအနေဖြင့် ဘာသာပြန်ရာတွင်သော်လည်းကောင်း ၊ အသံဖမ်းရာတွင် အမှားများပါဝင်ခဲ့၍သော်လည်းကောင်း “ report error” အား အသုံးပြုပြီး အမှားများ ပြင်ဆင်နိုင်ပါတယ် ။ ဒီလို ကူညီခြင်းအားဖြင့် အမှားများ နည်းသည်ထက် နည်းအောင်ပြုပြင်နိုင်ပြီး အဆင့်မြှင့်တင်နိုင်မှာပဲ ဖြစ်ပါတယ် ။ 

ခင်များအနေနဲ့ အရေးပေါ် ဘာသာပြန်ဖို့ လိုအပ်လို့ပဲဖြစ်ဖြစ် ( ကုန်ကုန်ပြောမယ်ဗျာ .. ) အပျင်းပြေ အသုံးပြုပြီး ကလိချင်လို့ပဲဖြစ်ဖြစ် ဒီ VoiceTra ဆိုတဲ့ App လေးကို ဒေါင်းပြီး အိတ်ဆောင် အဖော်မွန်လေးအဖြစ် ဆောင်ထားသင့်တယ်လို့ အကြံပြုပါရစေဗျာ ။ 

ဒီ VoiceTra App လေးဟာ iOS & Android ပေါ်မှာ Zawgyi Font ကို Support လုပ်ပါတယ် ။ ဘာသာပြန် လွဲမှားနေတာအချို့ ရှိနေပေမယ့်လည်း ကြိုးစားပြီး ပြင်ဆင်ပေးသွားမယ်လို့ သိရပါတယ် ။ 

ဒါကတော့ VoiceTra Application ရဲ့ မူရင်း Website Links http://voicetra.nict.go.jp/en/

( ခင်များတို့ အသေးစိတ် သိချင်တာ ရှိရင် သွားပြီး မေးကြည့်နိုင်တယ်ဗျ ။ )

ဒီမှာ ခင်များတို့ ဒေါင်းရမယ့် Links : 

VoiceTra by NICT ( For iOS ) 

https://itunes.apple.com/us/app/voicetra/id581137577?mt=8

VoiceTra by NICT ( For Andriod ) 

https://play.google.com/store/apps/details?id=jp.go.nict.voicetra&hl=en

Apple ရဲ့ App Store ပေါ်မှာ Translation Apps ပေါင်းများစွာ ရှိပါတယ် ။ ဒါပေမယ့် Zawgyi Font ကို Support လုပ်ပြီး ဘာသာစကား အမှားကို ပြင်ဆင်နိုင်ခွင့်ရှိတဲ့ Report Errors Feature မျိုး ပါဝင်တဲ့ Applications ကတော့ မတွေ့ရသလောက်ကို ရှားပါလိမ့်မယ် ။ 

ဒီတော့ ခင်များတို့ဗျာ ကြုံတုန်းကြုံခိုက်လေး ဒေါင်းပြီး စမ်းအသုံးပြုကြည့် မမှန်တာတွေ့ရင်လည်း Report များများထုပေးကြပါဦးလားဗျ ။ ဒါမှ ခင်များတို့ ၊ ကျနော်တို့အတွက် ပြည့်စုံ ကောင်းမွန်လှတဲ့ Translation App တစ်ခုကို ရရှိနိုင်မှာဗျ ။

Credit : ( ဂျပန်နိုင်ငံ သတင်းနှင့် ဆက်သွယ်ရေး သုတေသနအဖွဲ့ )

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
5K Shares
https://publishers.propellerads.com/#/pub/auth/signUp?ref_id=TuDw