Home Knowledge အသုံးမပြုတော့တဲ့ Computer ပေါ်က Apple ID ကို Deauthorize လုပ်နည်း

အသုံးမပြုတော့တဲ့ Computer ပေါ်က Apple ID ကို Deauthorize လုပ်နည်း

367

ဒီ Post က Just for Knowledge ပါ ။ 

အသုံးဝင်ချင်လည်း ဝင်မယ် ။ 

ဝင်ချင်မှလည်း ဝင်လိမ့်မယ် ။ 

ဒါပေမယ့် ဗဟုသုတအနေနဲ့ သိထားသင့်တယ်လို့ ယူဆတဲ့အတွက် တင်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။ ( လွယ်တာ ဟုဘူး ။ ကြိုပြောထားရတယ် ။ တော်ကြာ စဆရကတွေက ???????????? ရှာမယ်ဆိုတာချည်းပဲ )

Apple ဟာ Apple ID Account တစ်ခုကို ကွန်ပျူတာ ( ၅ ) လုံး အပေါ်မှာ Authorize လုပ်ဖို့ ခွင့်ပြုထားပါတယ် ။ ဒါဆို တစ်ချိန်ချိန်မှာတော့ ခင်များအနေနဲ့ ကန့်သတ်ထားတဲ့ Limit ကို ပြည့်သွားလို့ သူတို့ ( ၅ ) လုံးထဲကနေ တစ်လုံးကို Deauthorize လုပ်ဖို့ လိုအပ်လာပါလိမ့်မယ် ။ 

ကဲ ဘယ်လိုလုပ်ရမလဲဆိုတော့ …

Step ( 1 ) 

ကွန်ပျူတာပေါ်က iTunes Software ကို ဖွင့်လိုက်ပါ ။ 

Step ( 2 ) 

Apple ID ကို Sign in လုပ်မထားရသေးဘူး ဆိုရင်တော့ … 

Account Menu ထဲက Sign In ကို နှိပ်လိုက် ရပါမယ် ။ 

ခင်များရဲ့ Apple ID နဲ့ Password တို့ကို ထည့်ပေးပြီး Sign In ဆိုတဲ့ Button လေးကို နှိပ်လိုက် ရပါမယ် ။ 

Step ( 3 ) 

ပြီးရင် Account Menu ထဲကပဲ View My Account ကို နှိပ်ရပါမယ် ။ 

Step ( 4 ) 

ခင်များ Apple ID ရဲ့ Summary ထဲက Deauthorize All ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက် ရပါမယ် ။ 

ဒီလို Popup လေး ပေါ်လာပြီဆိုရင် Deauthorize All လေးကိုပဲ ထပ်ပြီး နှိပ်လိုက်ရပါမယ် ။ 

Step ( 5 ) 

ကွန်ပျူတာ အားလုံးကို Deauthorizations လုပ်ပြီးကြောင်း ဒီလို Popup လေး ပေါ်လာရင် OK ကိုသာ နှိပ်လိုက်ပါ ။ 

Step ( 6 ) 

ခင်များအနေနဲ့ အခုလက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာကို Authorize လုပ်ချင်တယ် ။ 

ဒါဆိုရင် … 

Account Menu ကို ဖွင့်ပြီး ၊ Authorizations ထဲက Authorize This Computer ကို ရွေးပေးလိုက် ရပါမယ် ။ 

Step ( 7 ) 

အိုခေ ! 

ခင်များရဲ့ Apple ID နဲ့ Password တို့ကို ရိုက်ထည့်ပေးလိုက်ပြီး Authorize ဆိုတဲ့ Button လေးကို နှိပ်လိုက်ရုံပါပဲ ။

Step ( 8 ) 

ကဲ ! 

တွေ့တဲ့အတိုင်းပါပဲ ။ 

လက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာကို Successfully Authorized ဖြစ်ကြောင်း ဒီလို စာလေး တက်လာလို့ကတော့ OK ကိုပါပဲ ။ 

Credit iClarified 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။ 

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
373 Shares
https://publishers.propellerads.com/#/pub/auth/signUp?ref_id=TuDw