သင်သတိမထားမိလောက်တဲ့ Apple Watch ရဲ့ Features 12 ခု

267

     Smartwatch တွေထဲမှာ နာမည်ကြီးပြီး လူကြိုက်များတဲ့ Apple watch ရဲ့ အသုံးဝင်တဲ့ Features 12 ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1.Take Screenshots

   Apple Watch ပေါ်က ကိုယ်လေ့ကျင့်ခန်းလုပ်ထားတဲ့ screen ကို screenshot ရိုက်ပြီးသူငယ်ချင်းတွေကို ကြွားချင်လား? လွယ်ပါတယ် Digital Crown နဲ့ Side Button လေးကို တွဲပြီး နှိပ်လိုက်ရုံပါပဲ။ ss လေးဟာ ကိုယ့် iPhone ရဲ့ Photo Library ထဲရောက်သွားမှာပါ။ တကယ်လို့ Mac မှာ iCloud နဲ့ Sync ထားတယ်ဆိုရင်လဲ Mac ဆီကို တန်းရောက်သွားပါလိမ့်မယ်။

2.Switch to List View

   App label မပါတဲ့ Icon အဝိုင်းလေးတွေကို Navigate လုပ်ရတာ ခက်နေပါသလား? Circular Icons ပုံစံတွေကနေ List View ပြောင်းလို့ရပါတယ်။ Watch Face ကို (Force Touch) အသာလေးဖိလိုက်ရင် Gird View နဲ့ List View ရွေးလို့ရပါတယ်။ App labels လေးတွေနဲ့ စီစီရီရီလေး ကြည့်လို့ရပြီပေါ့။

3.Turn on Fall Detection

   သင်ဟာ Watch Series 4 အသုံးပြုသူတစ်ယောက်ဆိုရင် Fall Detection feature ကိုအသုံးပြုလို့ရပါတယ်။ အမြင့်တစ်ခုခုကနေ ပြုတ်ကျတဲ့အခါ ကိုယ့်ရဲ့ Emergency Contact ဆီကို အလိုအလျောက် ဆက်သွယ်ပေးတဲ့ Feature ဖြစ်ပါတယ်။ iPhone ရဲ့My Watch app ကိုဖွင့်လိုက်ပါ ပြီးရင် My Watch Tab>Emergency SOS>Fall Detection ဆိုတာကို On ပေးလိုက်ပါ ပြီးရင် ကိုယ်ပြုတ်ကျတဲ့အခါ ဆက်သွယ်ပေးမဲ့ emergency contact ထည့်ရမဲ့ နေရာပေါ်လာပါလိမ့်မယ်။

4.Cover to turn off display and mute

   ကိုယ့် watch ဆီကို Alert တစ်ခုခု ရောက်လာတဲ့အခါ အသံမထွက်စေချင်ပဲ mute လုပ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ လက်ဖဝါးကို watch face ပေါ်မှာ တင်ထားလိုက်ရုံပါပဲ။iPhone ပေါ်က Watch App ကိုဖွင့် My Watch Tab>Sound & Haptic ကိုသွားပြီး toggle လေးကို On ပေးလိုက်ပါ။

5.Send a call to voicemail

   ဒီ Feature လေးကလဲ အရမ်းအသုံးဝင်ပါတယ်။ ကိုယ့်ဆီကို ဖုန်းတစ်ခု ဝင်လာလို့ ပြန်မဖြေချင်ပဲ ဖုန်းချချင်ရင် (or) voicemail ပဲ ချန်ထားခဲ့စေချင်တယ်ဆိုရင် side button (not digital crown) ကို နှစ်ချက်ဆက်နှိပ်လိုက်ပါ voicemail ဆီရောက်သွားပါလိမ့်မယ်။ (iPhone ရဲ့ side button ကို နှစ်ချက်နှိပ်သလိုမျိုးပါ)

6.Answer an incoming call on iPhone

   ဖုန်း call တစ်ခု ဝင်လာတဲ့အခါ watch ကနေ answer ရော hang up ရော မနှိပ်ပဲ အပေါ်ကို ဆွဲတင်ပြီး Send a Message နဲ့ Answer on iPhone ဆိုတာကို ရွေးလို့ရပါတယ်။

7.Double Click the crown to switch to the last app

   လက်ရှိ အသုံးပြုနေတဲ့ App တစ်ခုကနေ last app ကို ပြောင်းသုံးချင်ရင် Digital Crown လေးကို နှစ်ချက်နှိပ်လိုက်ရုံပါပဲ။ iPhone မှာ Home button ကို နှစ်ချက်နှိပ်သလိုမျိုးပေါ့။

8.Clear All Notification

   Noti တွေအများကြီး ဝင်နေတဲ့အခါ အကုန်လုံးကို တစ်ခါတည်းရှင်းပစ်ချင်ရင်noti တစ်ခုကို ဖိထားလိုက်ပါ Clear All ဆိုတာ ပေါ်လာပါလိမ့်မယ်။

9.Send Your Location on Message

   Message ကနေ ကိုယ့်ရဲ့ Location ကို ပို့ချင်တဲ့အခါ ကိုယ်ပြောနေတဲ့ conversation ထဲက option ကို ဖိထားလိုက်ပါ။ Send Location ဆိုတာပေါ်လာရင် ကိုယ်ရောက်နေတဲ့နေရာကို ပို့ပေးလို့ရပါတယ်။

10.Make a screen easier to read

     Watch Face ပေါ်က စာသားလေးတွေက သေးလို့ သိပ်မမြင်ရဘူး ဖြစ်နေလား? iPhone watch app>My Watch Tab>General>Accessibility>Bold Text ဆိုတာ On ပေးလိုက်ပါ။ Watch က Restart ဖြစ်သွားပြီး စာသားလေးတွေကို Bold text နဲ့ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ Watch Face ကို Zoom ချဲ့ပြီး ကြည့်ချင်တယ်ဆိုရင်လဲ Accessibility ထဲက Zoom ဆိုတာကို on ပေးလိုက်ပါ။ ပြီးရင် Watch Face ပေါ်မှာလက်နှစ်ချောင်းနဲ့ Double Tap လုပ်ပြီး Zoom ချဲ့လို့ရပါတယ်။

11.Find Your iPhone

     ကိုယ့် iPhone ကို ကိုယ့်အနီးအနားမှာပဲ ထားပြီး ပျောက်နေတာမျိုး ရှာမရတာမျိုးဖြစ်ရင် လက်မှာ ပတ်ထားတဲ့ Apple Watch နဲ့ ရှာလို့ရပါတယ်။ Swipe Up လုပ်ပြီး Control Center ကို ခေါ်လိုက်ပါ ပြီးရင် iPhone ပုံလေးကို ထိလိုက်ရင် ကိုယ့်iPhone က အသံမြည်လာမှာဖြစ်ပြီး Tap and Hold (ထိပြီး ဖိပါထားလိုက်ရင်) iPhone မှာ အသံရော Flash ရော လာနေမှာဖြစ်ပါတယ်။

12.Customize Your Workout Display

     ကိုယ်လုပ်နေတဲ့ Workout တွေကို Apple Watch ပေါ်မှာ ကိုယ်ကြိုက်သလို အစီအစဉ်တကျ စီမံလို့ရပါတယ်။ iPhone Watch App>Work Out>Workout View ကိုသွားပါ။ ကိုယ်နေရာတကျ စီချင်တဲ့ Work out ကို နှိပ်ပြီးတော့ ညာဘက်အပေါ်ထောင့်ကEdit ဆိုတာကို နှိပ်ပြီး စီမံလို့ရပါတယ်။ (iPhone မှာ control center ကို စီသလိုမျိုးပေါ့)

အခု ရေးသားဖော်ပြပေးခဲ့တဲ့ Article လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like & Share လုပ်နိုင်သလို နောက်နေ့များမှာလဲ Tech News တွေ How to တွေ What is? စတဲ့ ခေါင်းစဉ်တွေနဲ့ Article တွေ လာဖို့ရှိတာကြောင့် Page ကိုလဲ follow လုပ်ထားနိုင်ပါတယ်။ ( Giveaway တွေလဲ လာဖို့ ရှိပါတယ် 😜)

PC & Phones တွေနဲ့ ပတ်သက်ပြီး အဆင်မပြေတာများ ရှိရင်လဲ Page Chat Box မှာလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ။ Admin တတ်သလောက် မှတ်သလောက် ပြန်ဖြေပေးပါမယ်။

Ref : MacWorld

©𝖙𝖊𝖈𝖍𝖈𝖔𝖗𝖓𝖊𝖗

Facebook Comments
651 Shares