မလေးရှားမှာ ကျည်အစစ်တွေနဲ့ သရုပ်ပြပစ်ခတ်မှုအတွင်း ကွန်မန်ဒို အရာရှိတစ်ဦး သေဆုံး

119

မလေးရှားရဲတပ်ဖွဲ့က ကျည်အစစ်တွေနဲ့ သရုပ်ပြပစ်ခတ်မှုအတွင်း အရာရှိတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့က ဆာဘားပြည်နယ် လော့ကာဝီစခန်းမှာ ပြုလုပ်တဲ့ သရုပ်ပြပစ်ခတ်မှုအတွင်း အခုလို ဖြစ်ပွားခဲ့တာပါ။ ဒီသရုပ်ပြပစ်ခတ်မှုအတွင်း အသက်(၃၆)နှစ်အရွယ် ကွန်မန်ဒိုအရာရှိ မော့ ဇာဟီရာ အာမာရာက ကျည်ဆံထိမှန်ခဲ့တဲ့အတွက်Queen Elizabeth ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမဲ့ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကာ အကြောင်းရင်းကို မကြာမီ ထုတ်ပြန်သွားမယ်လို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ်က ပြောပါတယ်။ ဒါ့အပြင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ထိခိုက်နစ်နာစေတဲ့ မှတ်ချက်တွေ မရေးသားကြဖို့လည်း တောင်းဆိုလိုက်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Facebook Comments
401 Shares