05/25/2020

မိမိတို့ iPhone Calendar မှာဖြစ်ပေါ်နေတယ့် Spam Virus ကို ဘယ်လိုဖယ်ရှားမလဲ

1K Shares

iOS User အများစုမှာဖြစ်ပေါ်နေတယ့် Calendar Virus သည် အသုံးပြုသူရဲ့ ခွင့်ပြုချက်မရရှိပဲ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ယခုလိုဖြစ်ပေါ်ရချင်းရဲ့ အဓိက အချက်က အွန်လိုင်းကြော်ငြာ Website တွေကြောင့်ပါပဲ မိမိတို့ မသိတယ့် အွန်လိုင်းကြော်ငြာ Link တွေထဲ ဝင်မိတာနဲ့ ထို Website မှတဆင့် Calendar ထဲမှာ Event တွေ အလျိုအလျောက် မှတ်သွားတာဖြစ်ပါတယ်။

spammers များက Calendar app ရဲ့အားနည်းချက်ကိုတွေ့ရှိပြီး အခြားသူများကို ၎င်းတို့၏အီးမေးလ်လိပ်စာမှတစ်ဆင့် ဖြစ်ရပ်များကိုဖိတ်ကြားရန်နှင့်ခွင့်ပြုချက်မရှိဘဲ Calendar App ထဲမှာ မှတ်သားထားတာဖြစ်ပါတယ်။ထိုကဲ့သို့သော Event များကို Spammer များက နေ့စဉ်ပေးပို့နိုင်ပါတေးတယ်။

iPhone Calendar ဗိုင်းရပ်စ်သည်အက်ပလီကေးရှင်းကိုလှည့်စားပြီးစိတ်အနှောင့်အယှက်ဖြစ်စေသည့်အဖြစ်အပျက်များကို spam လုပ်ပြီးအသုံးပြုသူထံသို့အကြောင်းကြားစာပေးပို့နေတာပါ။

iPhone Calendar Spam တွေပါဝင်နေတယ့် သံသယဖြစ်ဖွယ်ကြော်ငြာများကတော့

သင်၏ iPhone လုံခြုံမှုရှိစေရန် NOW ကိုနှိပ်ပါ။

သင်၏ iPhone ကိုဗိုင်းရပ်စ်များနှင့်ထိတွေ့နိုင်သည်။

ဤနေရာတွင် iPhone XS Max ကံစမ်းပါ

သင်၏ iPhone ကိုဟက်ကာများကထိန်းချုပ်နိုင်အောင်ကြိုးစားနိုင်သည်။ ကာကွယ်ထားရန်ယခုကိုနှိပ်ပါ

Easy Car Loans – အွန်လိုင်းမှလျှောက်ထားပါ။

  စတယ့် ကြော်ငြာ Link တွေကို နှိပ်မိတာနဲ့  Calendar App ထဲကို Spam Event တွေ အလျိုအလျောက်ဝင်လာတာပဲဖြစ်ပါတယ်။

ထို Spam Event တွေကို ဘယ်လို ဖျက်မလဲ ?

ပထမနည်း

Calendar App ထဲ ဝင်ပါ။

အောက်ဘက်ဘားက Calendar ကိုနှိပ်ပါ။ တစ်ဖက်စာမျက်ကိုရောက်သွားတယ့်အခါ iCloud အောက်ဘက်က Suspiciois Calendar ထဲကို ဝင်ပါ။ အောက်ဘက်ကိုသွားပီး Delete Calender ကိုနှိပ်ပီး ဖျက်ပေးပါ။

ဒုတိယနည်း

Setting – Password & Account ထဲ ဝင်ပါ။

မိမိဝင်ထားတယ့် Acc တွေထဲက Calendar ကို ရွေးထားတယ့် Acc ရှိရင် အဲ့ဒီ Acc ကို နှိပ်ပီး Delete Acc နှိပ်ပေးပါ။

နောက်တစ်ခု ကျွန်တော် ပြောချင်တာက Calendar App ကို အသုံးမလိုရင် Delete ထားပါလို့ ။ကျွန်တော်ကတော့ မလိုလို့မသုံးဘူး ဖျက်ကိုထားတာ အဲ့ဒီတော့ User တို့ဖြစ်နေတယ့် Error ကို Admin ကမဖြစ်ဘူးဗျ နားကိုအေးလို့

14 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။