မတရားလုပ်ရပ်ကြောင့် အရှက်ကွဲတော့မယ့် ထိုင်းနိုင်ငံတရားစီရင်ရေး

5966

ပီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှု့အတွက် မြန်မာနိုင်ငံသား ၀င်း နှင့် ဇော်ကို အယူခံပယ်ချပီး သေဒဏ်ပေးခဲ့ပါတယ်။ DNA စစ်ဆေးချက်မှာ

ဝင်းနဲ့ ဇော်တို့ DNA မတွေ့ရတဲ့ သက်သေအထောက်အထားနဲ့ အယူခံတင်ခဲ့ပေမယ့် ထိုင်းတရားရုံးက ပယ်ချခဲ့တာဖြစ်ပီး သေဒဏ်ကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

အခုအခါမှာတော့ ၀င်းနဲ့ဇော် သတ်တာမဖြစ်နိုင်ဘဲ တစ်ခြားလူတစ်ယောက်သတ်တယ်ဆိုတာ သဲလွန်စများ ထွက်ပေါ်လာနေပါပီ။

လိပ်ကျွန်းလူသတ်မှု့မှာ မသမာမှု၊ ယုတ်မာကောက်ကျစ်မှုတွေ ပါနေတယ်ဆိုတာ သက်သေပြဖို့ လိုသလို မြန်မာနိုင်ငံသားတွေအပေါ်မှာ ခွေးလေးငှက်လေးလို လုပ်ချင်ရာလုပ်နေကြတဲ့ ထိုင်းအစိုးရကို

ကမ္ဘာကသိအောင် ၀ိုင်းဝန်းဖော်ထုတ်ဝန်ရံကြပါစို့။ တစ်ကယ်တော့ ဒီလိုအနှိမ်ခံနေရတာဟာ ကိုယ့်နိုင်ငံကို အထင်သေးအမြင်သေး သောက်ဂရုစိုက်စရာမလိုဘူး၊ လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့အချိုးမျိုး ချိုးနေတာဖြစ်ပါတယ်။

သေဆုံးသူကို ထိုးသတ်ခဲ့တဲ့ ဒဏ်ရာနဲ့ တူတဲ့ဒဏ်ရာကိုလည်း Sean McAnna လက်မှာ တွေ့ရမှာဖြစ်ရမှာဖြစ်ပါတယ်။

သေဆုံသူ Mr.Miller ၏မိတ်ဆွေတစ်ဦးဖြစ်သူ အသက် ၂၅ နှစ်အရွယ် စကော့တလန်ခရီးသွားဧည့်သည်Sean McAnna က မိမိအသက်ကို ကျွန်းပေါ်ရှိ ထိုင်းမာဖီးယားဂိုဏ်းက ခြိမ်းခြောက် ခဲ့သည်ဟု

ဗြိတိန်သံရုံးနှင့် စာနယ်ဇင်း နှစ်ခုကိုပြောပြပြီး ခိုတောင်ကျွန်းကနေ သွေးရူးသွေးတန်းထွက်ပြေးသွားခဲ့တာပါ။

သူ့ ဖေ့ဘုတ် စာမျက်နှာမှာပါ ထိုင်းမာဖီယာဂိုဏ်းရဲ့ သြဇာညောင်းသူ လူသတ်မှု အဓိက တရားခံဖြစ်သူတွေရဲ့ ပုံရိပ်တွေကိုပါ ထပ်မံတင်ပြီး အခုတော့ အကောင့်ကိုပါ D ပြေးသွားပါပြီ။

လူသတ်မှု တွင် အဓိက ပါဝင်နိုင်သူမာဖီးယား ဂိုဏ်း ချုပ်တွေပါ သူတို့လည်း လူမှု့ကွန်ယက် ပေါ်အတင်ခံရတဲ့အတွက် ရှေ့ဆင့်နောက်ဆင့်အသီးသီးပြေးကြတာပါ။

Facebook Comments
3K Shares