Home Knowledge ဘာေၾကာင့္ iPhone ကို တ႐ုတ္မွာ ထုတ္ရတာလဲ ??

ဘာေၾကာင့္ iPhone ကို တ႐ုတ္မွာ ထုတ္ရတာလဲ ??

752

{ Zawgyi } 

ဒီေဆာင္းပါးေလးကေတာ့ iOS ခ်စ္သူမ်ားဖတ္ဖူးၿပီးသားျဖစ္ၾကမွာပါ ဒါေပမဲ့ ဒါမ်ိဳးကထပ္ၿပီးတင္လဲအက်ိဳးမယုတ္ဘူးထင္လို႔ ကၽြန္ေနာ္ကေတာ့ Credit ေပးၿပီး တင္ေပးလိုက္ပါတယ္ ????????

အေမရိကန္ရဲ႕ iPhone ကို China မွာ ထုတ္လုပ္ေနတာ ဘာေၾကာင့္လည္း ဖတ္ၾကည့္ဗ်ာ ေကာင္းတယ္ ။

( ၂၀၁၀ ) ခုႏွစ္ေလာက္မွာ အေမရိကန္သမၼတအိုဘားမားက ညစာစားပြဲတခုမွာ Apple ကုမၸဏီရဲ႕ CEO ျဖစ္တဲ့ Steve Jobs ( စတစ္ဗ္ ) ကိုေမးပါတယ္ ။

Apple ရဲ႕Products ေတြျဖစ္တဲ့ iPhone တို႔ iPad တို႔ကို တ႐ုတ္ျပည္မွာ သြားထုတ္လုပ္ေနတာကို ( အေမရိကန္ လူမိ်ဳးေတြ အလုပ္ရေအာင္ ) အေမရိကန္ကို ေျပာင္းလာရင္ ျဖစ္မလားလို႔ေမးတယ္ ။ စတစ္ဗ္က မျဖစ္ႏိုင္ဘူးလို႔ ေျပာလိုက္ပါတယ္ ။

ေနာက္ပိုင္းမွာ သူ႔ရဲ႕လက္ေအာက္ Apple ကုမၸဏီ အရာရွိတစ္ဦးက စတစ္ဗ္ ဘာေၾကာင့္ အဲဒီလိုေျပာခဲ့ရသလဲဆိုတာ မီဒီယာကို အခုလိုရွင္းျပခဲ့ပါတယ္ ။

အခ်ိန္က ( ၂၀၀၇ )ခုႏွစ္ … ။

ပထမဆံုးေပၚတဲ့ iPhone ကမ႓ာကို ျဖန္႔ဖို႔ ( ၂ ) လေလာက္ပဲ လိုေတာ့တဲ့ တစ္ေန႔မွာ စိတ္ဆိုးေနပံုရတဲ့ စတစ္ဗ္က သူ႔လက္ေထာက္ေတြ အားလံုးကို သူ႔ရံုးခန္းထဲ လာဖို႔ေခၚလိုက္ပါတယ္ ။

အားလံုးေရာက္လာတာနဲ႔ စတစ္ဗ္က သူစမ္းသံုးၾကည့္ဖို႔ ယူထားတဲ့ iPhone နမူနာ တစ္လံုးကို သူ႔ေဘာင္းဘီ ေဘးအိတ္ထဲကေန ဆြဲထုတ္ယူလိုက္ၿပီး အားလံုးျမင္သာေအာင္ေထာင္ျပရင္း အခုလိုေျပာလိုက္ပါတယ္ ။ ” ဒီဖံုးရဲ႕ မွန္သားျပင္ ( Screen ) ကို ၾကည့္စမ္းပါ ။ ျခစ္ရာေတြေပၚေနတယ္ ။ ”

” လူေတြဟာ လက္ကိုင္ဖံုးကို ေဘာင္းဘီအိတ္ထဲ ထည့္တတ္ၾကတယ္ ။ ေဘာင္းဘီအိတ္ထဲမွာ ေသာ့တြဲ ပိုက္ဆံ အေႂကြေစ့ေတြလဲ ထည့္တတ္ၾကတယ္ ။ ဒါေတြနဲ႔ ထိလို႔ ျခစ္ရာေပၚေနတဲ့ ဖုန္းမ်ိဳး ငါကမ႓ာကို မျဖန္႔ခ်င္ဘူး ။ “ 

” ဒီ Plastic Screen ကို ျခစ္ရာ မထင္ႏိုင္တဲ့ မွန္သား Glass Screen နဲ႔ လဲပစ္ရမယ္ ။ အခုထုတ္ၿပီးသား ဖုန္းေတြ အားလံုးကို ( ၆ ) ပတ္ အတြင္းၿပီးေအာင္ လဲလိုက္ၾက ။ ”

” ကဲ သြားၾကေတာ့ ” လို႔ ေျပာလိုက္တယ္ ။

သူ႔လက္ေထာက္ေတြ အားလံုး အရမ္းေခါင္းေျခာက္ သြားၾကတယ္ ။ 

စတစ္ဗ္အေၾကာင္း သူတို႔ေကာင္းေကာင္း သိတယ္ ။ စတစ္ဗ္ဟာ သူေျပာၿပီးတဲ့ စကားကို ဘယ္ေတာ့မွ အေလွ်ာ့ မေပးတတ္ဘူး ။ သူလိုခ်င္တာ ျဖစ္ေအာင္ လုပ္ၾကရေတာ့မယ္ ။ ခက္တာက iPhone  စတင္ေရာင္းမဲ့ရက္ကို ကမ႓ာသိ ေၾကျငာၿပီးၿပီ ။

( ၂ ) လပဲ က်န္ေတာ့တယ္ ။ ကမ႓ာကို မျဖန္႔ခင္ ဖုန္းေတြကို Glass Screen နဲ႔ အစားထိုး လဲဖို႔ အခ်ိန္ ( ၆ ) ပတ္ပဲ ေပးတယ္ ။

လုပ္ၿပီးသား ဖုန္းအလံုး သိန္းခ်ီၿပီးကို ( ၆ ) ပတ္အတြင္း Screen လဲတပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး ။ အရင္ Screen လုပ္ေပးေနက် အေမရိကန္ကုမၸဏီ Corning ကို ေမးၾကည့္ေတာ့ အခ်ိန္ ( ၆ ) လ ၾကာမယ္တဲ့ ။

သူတို႔အထဲက လက္ေထာက္တစ္ေယာက္က စဥ္းစားတယ္ ။ ဒီေလာက္ အခ်ိန္တိုတိုနဲ႔ စတစ္ဗ္ျဖစ္ခ်င္တာ ရဖို႔ ဒီအေမရိကန္ႏိုင္ငံမွာေတာ့ မျဖစ္ႏိုင္ဘူး ။ 

ဒါေၾကာင့္ သူဟာ ( ၃ ) ရက္ အၾကာမွာ တ႐ုတ္ျပည္က မွန္ျဖတ္စက္ရံု အမ်ားအျပားရွိတဲ့ Shenzhen ျပည္နယ္ကို ေလယာဥ္နဲ႔ ထြက္ခြာသြားတယ္ ။

Shenzhen ျပည္နယ္က စက္ရံုမႉးေတြနဲ႔ ေတြ႕ၿပီး သူလိုခ်င္တဲ့ Glass Screen ကို iPhone ေတြမွာ သတ္မွတ္ရက္ အတြင္းၿပီးေအာင္ လုပ္ေပးႏိုင္ရင္ အလုပ္အပ္မယ္လို႔ ကမ္းလွမ္းတယ္ ။ 

ေနာက္ဆံုး တ႐ုတ္ကုမၸဏီ Foxconn နဲ႔ သေဘာတူညီမႈ ရတယ္ ။

သေဘာတူ စာခ်ဳပ္ေတာင္ မခ်ဳပ္ရေသးဘူး ။ Foxconn က iPhone အတြက္ Screen လဲတပ္ဖို႔ စက္ရံုအသစ္ တစ္ခုကို အားခ်င္း ေဆာက္လိုက္တယ္ ။

စတိုႀကီးထဲမွာလဲ စမ္းသပ္ဖို႔ မွန္ခ်ပ္ေတြဝယ္ၿပီး အမိ်ဳးအစားအလိုက္ ခြဲျခားသိုေလွာင္ ထားလိုက္တယ္ ။

စက္ရံုမႉးက သူ႔အင္ဂ်င္နီယာေတြကို စက္ရံုဝင္းထဲက ဘားတိုက္ေတြမွာ လာေနခိုင္းလိုက္တယ္ ။ အေရးႀကီးရင္ အခိ်န္မေရြး ေခၚလို႔ ရေအာင္ေပါ့ ။ မွန္ေတြကို ပိုက္ဆံမယူပဲ ႀကိဳက္သေလာက္ စမ္းၾကည့္ႏိုင္တယ္လို႔ ေျပာပါတယ္ ။

စတစ္ဗ္လက္ေထာက္ဟာ အဲဒီစက္ရံုမွာ တစ္လၾကာေအာင္ ေနၿပီး တ႐ုတ္အင္ဂ်င္နီယာေတြနဲ႔ မွန္မိ်ဳးစံုကို ျဖတ္ျကည့္တယ္ ။

iPhone Screen ျဖစ္လာေအာင္ လုပ္ၾကတယ္ ။ ျခစ္ရာ ေပၚ မေပၚ စမ္းၾကည့္တယ္ ။ ေနာက္ဆံုး Screen လုပ္ႏိုင္မဲ့ စိတ္ႀကိဳက္ မွန္ေတြ႕ၿပီဆိုေတာ့မွ Foxconn ကို အလုပ္အပ္တဲ့ စာခ်ဳပ္ခ်ဳပ္ လိုက္တယ္ ။

အေမရိကန္ ကာလီဖိုးနီးယားမွာရွိတဲ့ Apple ကုမၸဏီကို Screen လဲတပ္ဖို႔ iPhone ပထမ တစ္သုတ္ကို Foxconn စက္ရံုကို ပို႔လိုက္ဖို႔ အေၾကာင္းၾကားလိုက္တယ္ ။

တစ္ပါတ္ၾကာေတာ့ မွာထားတဲ့ iPhone ေတြ ထည့္ထားတဲ့ ကုန္ေသတၱာေတြ စက္ရံုကို ေရာက္လာတယ္ ။

ေရာက္တဲ့ အခိ်န္က မိုးအေတာ္ခ်ဳပ္ေနၿပီ ။

iPhone ေသတၱာေတြကို စက္ရံုထဲ ခ်အၿပီးမွာ စက္ရံုမႉးဟာ ဝီစီကို တတြီတြီနဲ႔ မႈတ္လိုက္တယ္ ။ စက္ရံုဝင္းထဲက ဘားတိုက္ေတြမွာ အနားယူေနၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ အင္ဂ်င္နီယာေတြ အလုပ္သမားေတြ ဘားတိုက္ေပၚက ေျပးဆင္းလာၾကၿပီး စက္ရံုေရွ႕ေျမကြက္လပ္မွာ တန္းစီလိုက္ၾကတယ္ ။

စက္ရံုမႉးက အခုအခ်ိန္ကစၿပီး မွန္ခ်ပ္ေတြကို ျဖတ္ၿပီး iPhone Screen ေတြလုပ္ဖို႔ တစ္ညလံုး အလုပ္ဆင္းၾကရမယ္လို႔ ေျပာလိုက္တယ္ ။

စကားေျပာျပီးတာနဲ႔ အားလံုးကို စားပြဲေတြေပၚက လက္ဖက္ရည္ တစ္ခြက္နဲ႔ ေပါင္မုန္႔တစ္ခ်ပ္စီကို တန္းစီ ယူစားခိုင္းလိုက္တယ္ ။ အားလံုး ကမန္းကတန္း ယူစားၾကၿပီး စက္ရံုထဲ ဝင္သြားၾကတယ္ ။

စက္ရံုတစ္ခုလံုး ေထာင္နဲ႔ခ်ီတဲ့ အလုပ္သမားေတြဟာ ခ်က္ခ်င္းပဲ အလုပ္စတင္ လုပ္ၾကတယ္ ။ ေန႔ဆိုင္း ညဆိုင္းေတြနဲ႔ လုပ္လိုက္ၾကတာ … 

( ၃ ) ရက္အတြင္းမွာ iPhone အလံုး တစ္ေသာင္းရဲ႕ Plastic Screen ေတြကို Glass Screen ေတြနဲ႔ လဲတပ္ ျပီးသြားတယ္ ။

ေနာက္ ( ၃ ) လအၾကာမွာ Apple ကုမၸဏီဟာ iPhone အလံုးေပါင္း တစ္သန္း ေရာင္းခ်ခဲ့ပါတယ္ ။ ေနာက္ပိုင္းမွာ iPhone ကို အေမရိကန္ ကာလီဖိုးနီးယားမွာ ဒီဇိုင္းပဲဆြဲၿပီး ကုန္ၾကမ္းကေန iPhone ျဖစ္တဲ့အထိ တ႐ုတ္ျပည္မွာပဲ လုပ္ပါေတာ့တယ္ ။

( ၄ ) ႏွစ္ၾကာေတာ့ Apple ဟာ iPhone အလံုးေပါင္း သန္း( ၂၀၀ ) ေရာင္းခ်ႏိုင္ခဲ့ပါတယ္ ။

မီဒီယာကို ေျပာျပေနတဲ့ Apple ကုမၸဏီအရာရွိက ဆက္ေျပာျပပါေသးတယ္ ။

ကုန္ၾကမ္းကေန iPhone ေတြ ျဖစ္လာတဲ့အထိ ထုတ္လုပ္ဖို႔ အင္ဂ်င္နီယာေပါင္း ( ၈,၇၀၀ ) နဲ႔ အလုပ္သမားေပါင္း ( ၂ ) သိန္း လိုအပ္ပါတယ္ ။ အင္ဂ်င္နီယာ ( ၈,၇၀၀ ) ရေအာင္ စုဖို႔ အေမရိကန္မွာ ( ၉ ) လၾကာျမင့္မွာျဖစ္ၿပီး တ႐ုတ္ျပည္မွာ ( ၁၅ ) ရက္ပဲ ျကာပါလိမ့္မယ္ ။

အေမရိကန္မွာ iPhone လုပ္ရင္ လုပ္ခ ေစ်းႀကီးတာရယ္ လူမရလို႔ အခ်ိန္ပိုၾကာေအာင္ လုပ္ရမွာေတြေၾကာင့္ iPhone ကို အခု တ႐ုတ္ျပည္မွာ ထုတ္ၿပီးေရာင္းတာထက္ အမ်ားႀကီး ေစ်းႀကီးေနမွာမို႔ ဘယ္သူမွ ဝယ္ၾကမွာ မဟုတ္ပါဘူးတဲ့ ။

ဒီေလာက္ဆိုရင္ iPhone ကို China မွာ ဘာေၾကာင့္ ထုတ္လုပ္ေနတယ္ဆိုတာ သိႏိုင္ပါၿပီ ။

လုပ္ခ ေစ်းႏူန္း သက္သာတယ္ ။ ျမန္ျမန္ဆန္ဆန္ လုပ္တတ္တယ္ ။ မျဖစ္ႏိုင္ဘူးဆိုတာကို ျဖစ္ေအာင္ လုပ္ႏိုင္တာေတြေၾကာင့္ တ႐ုတ္ျပည္ဟာ ယေန႔ကမ႓ာမွာ စီးပြားေရး ထိပ္တန္းႏိုင္ငံတစ္ခု ျဖစ္ေနပါၿပီ ။

PS : 

၁ ။ အေမရိကန္ႏိုင္ငံထုတ္ ” The New York Times ” သတင္းစာမွာ ပါတဲ့ သတင္းတပုဒ္ကို မွီျငမ္းေရးထားတာပါ ။

၂ ။ Steve Jobs ဟာ ( ၂၀၁၁ ) ခုႏွစ္ ေအာက္တိုဘာလ ( ၅ ) ရက္ေန႔မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ သြားခဲ့ပါတယ္ ။ 

Credit Gold Fish ( မူရင္းေရးသားသူ ) 

အားလံုးခ်မ္းေျမ႕ေပ်ာ္ရႊင္ၾကပါေစ ။ 

က်ေနာ္ ဇာနည္ ( iOS Banker Myanmar ) က ထပ္ဆင့္ ျပန္လည္ ေဝမွ်ေပးတာပါ ????????????

********************************************

********************************************

{ Unicode } 

ဒီဆောင်းပါးလေးကတော့ iOS ချစ်သူများဖတ်ဖူးပြီးသားဖြစ်ကြမှာပါ ဒါပေမဲ့ ဒါမျိုးကထပ်ပြီးတင်လဲအကျိုးမယုတ်ဘူးထင်လို့ ကျွန်နော်ကတော့ Credit ပေးပြီးတင်ပေးလိုက်ပါတယ် ????????

အမေရိကန်ရဲ့ iPhone ကို China မှာ ထုတ်လုပ်နေတာ ဘာကြောင့်လည်း ဖတ်ကြည့်ဗျာကောင်းတယ် ။ ( ၂၀၁၀ ) ခုနှစ်လောက်မှာ အမေရိကန်သမ္မတအိုဘားမားက ညစာစားပွဲတခုမှာ Apple ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Steve Jobs ( စတစ်ဗ် ) ကိုမေးပါတယ် ။

Apple ရဲ့Products တွေဖြစ်တဲ့ iPhone တို့ iPad တို့ကို တရုတ်ပြည်မှာ သွားထုတ်လုပ်နေတာကို ( အမေရိကန် လူမျိုးတွေ အလုပ်ရအောင် ) အမေရိကန်ကို ပြောင်းလာရင် ဖြစ်မလားလို့မေးတယ် ။ စတစ်ဗ်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါတယ် ။

နောက်ပိုင်းမှာ သူ့ရဲ့လက်အောက် Apple ကုမ္ပဏီ အရာရှိတစ်ဦးက စတစ်ဗ် ဘာကြောင့် အဲဒီလိုပြောခဲ့ရသလဲဆိုတာ မီဒီယာကို အခုလိုရှင်းပြခဲ့ပါတယ် ။

အချိန်က ( ၂၀၀ရ )ခုနှစ် … ။

ပထမဆုံးပေါ်တဲ့ iPhone ကမ႓ာကို ဖြန့်ဖို့ ( ၂ ) လလောက်ပဲ လိုတော့တဲ့ တစ်နေ့မှာ စိတ်ဆိုးနေပုံရတဲ့ စတစ်ဗ်က သူ့လက်ထောက်တွေ အားလုံးကို သူ့ရုံးခန်းထဲ လာဖို့ခေါ်လိုက်ပါတယ် ။

အားလုံးရောက်လာတာနဲ့ စတစ်ဗ်က သူစမ်းသုံးကြည့်ဖို့ ယူထားတဲ့ iPhone နမူနာ တစ်လုံးကို သူ့ဘောင်းဘီ ဘေးအိတ်ထဲကနေ ဆွဲထုတ်ယူလိုက်ပြီး အားလုံးမြင်သာအောင်ထောင်ပြရင်း အခုလိုပြောလိုက်ပါတယ် ။ ” ဒီဖုံးရဲ့ မှန်သားပြင် ( Screen ) ကို ကြည့်စမ်းပါ ။ ခြစ်ရာတွေပေါ်နေတယ် ။ ”

” လူတွေဟာ လက်ကိုင်ဖုံးကို ဘောင်းဘီအိတ်ထဲ ထည့်တတ်ကြတယ် ။ ဘောင်းဘီအိတ်ထဲမှာ သော့တွဲ ပိုက်ဆံ အကြွေစေ့တွေလဲ ထည့်တတ်ကြတယ် ။ ဒါတွေနဲ့ ထိလို့ ခြစ်ရာပေါ်နေတဲ့ ဖုန်းမျိုး ငါကမ႓ာကို မဖြန့်ချင်ဘူး ။ “ 

” ဒီ Plastic Screen ကို ခြစ်ရာ မထင်နိုင်တဲ့ မှန်သား Glass Screen နဲ့ လဲပစ်ရမယ် ။ အခုထုတ်ပြီးသား ဖုန်းတွေ အားလုံးကို ( ၆ ) ပတ် အတွင်းပြီးအောင် လဲလိုက်ကြ ။ ”

” ကဲ သွားကြတော့ ” လို့ ပြောလိုက်တယ် ။

သူ့လက်ထောက်တွေ အားလုံး အရမ်းခေါင်းခြောက် သွားကြတယ် ။ 

စတစ်ဗ်အကြောင်း သူတို့ကောင်းကောင်း သိတယ် ။ စတစ်ဗ်ဟာ သူပြောပြီးတဲ့ စကားကို ဘယ်တော့မှ အလျှော့ မပေးတတ်ဘူး ။ သူလိုချင်တာ ဖြစ်အောင် လုပ်ကြရတော့မယ် ။ ခက်တာက iPhone  စတင်ရောင်းမဲ့ရက်ကို ကမ႓ာသိ ကြေငြာပြီးပြီ ။

( ၂ ) လပဲ ကျန်တော့တယ် ။ ကမ႓ာကို မဖြန့်ခင် ဖုန်းတွေကို Glass Screen နဲ့ အစားထိုး လဲဖို့ အချိန် ( ၆ ) ပတ်ပဲ ပေးတယ် ။

လုပ်ပြီးသား ဖုန်းအလုံး သိန်းချီပြီးကို ( ၆ ) ပတ်အတွင်း Screen လဲတပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ။ အရင် Screen လုပ်ပေးနေကျ အမေရိကန်ကုမ္ပဏီ Corning ကို မေးကြည့်တော့ အချိန် ( ၆ ) လ ကြာမယ်တဲ့ ။

သူတို့အထဲက လက်ထောက်တစ်ယောက်က စဉ်းစားတယ် ။ ဒီလောက် အချိန်တိုတိုနဲ့ စတစ်ဗ်ဖြစ်ချင်တာ ရဖို့ ဒီအမေရိကန်နိုင်ငံမှာတော့ မဖြစ်နိုင်ဘူး ။ 

ဒါကြောင့် သူဟာ ( ၃ ) ရက် အကြာမှာ တရုတ်ပြည်က မှန်ဖြတ်စက်ရုံ အများအပြားရှိတဲ့ Shenzhen ပြည်နယ်ကို လေယာဉ်နဲ့ ထွက်ခွာသွားတယ် ။

Shenzhen ပြည်နယ်က စက်ရုံမှူးတွေနဲ့ တွေ့ပြီး သူလိုချင်တဲ့ Glass Screen ကို iPhone တွေမှာ သတ်မှတ်ရက် အတွင်းပြီးအောင် လုပ်ပေးနိုင်ရင် အလုပ်အပ်မယ်လို့ ကမ်းလှမ်းတယ် ။ 

နောက်ဆုံး တရုတ်ကုမ္ပဏီ Foxconn နဲ့ သဘောတူညီမှု ရတယ် ။

သဘောတူ စာချုပ်တောင် မချုပ်ရသေးဘူး ။ Foxconn က iPhone အတွက် Screen လဲတပ်ဖို့ စက်ရုံအသစ် တစ်ခုကို အားချင်း ဆောက်လိုက်တယ် ။

စတိုကြီးထဲမှာလဲ စမ်းသပ်ဖို့ မှန်ချပ်တွေဝယ်ပြီး အမျိုးအစားအလိုက် ခွဲခြားသိုလှောင် ထားလိုက်တယ် ။

စက်ရုံမှူးက သူ့အင်ဂျင်နီယာတွေကို စက်ရုံဝင်းထဲက ဘားတိုက်တွေမှာ လာနေခိုင်းလိုက်တယ် ။ အရေးကြီးရင် အချိန်မရွေး ခေါ်လို့ ရအောင်ပေါ့ ။ မှန်တွေကို ပိုက်ဆံမယူပဲ ကြိုက်သလောက် စမ်းကြည့်နိုင်တယ်လို့ ပြောပါတယ် ။

စတစ်ဗ်လက်ထောက်ဟာ အဲဒီစက်ရုံမှာ တစ်လကြာအောင် နေပြီး တရုတ်အင်ဂျင်နီယာတွေနဲ့ မှန်မျိုးစုံကို ဖြတ်ကြည့်တယ် ။

iPhone Screen ဖြစ်လာအောင် လုပ်ကြတယ် ။ ခြစ်ရာ ပေါ် မပေါ် စမ်းကြည့်တယ် ။ နောက်ဆုံး Screen လုပ်နိုင်မဲ့ စိတ်ကြိုက် မှန်တွေ့ပြီဆိုတော့မှ Foxconn ကို အလုပ်အပ်တဲ့ စာချုပ်ချုပ် လိုက်တယ် ။

အမေရိကန် ကာလီဖိုးနီးယားမှာရှိတဲ့ Apple ကုမ္ပဏီကို Screen လဲတပ်ဖို့ iPhone ပထမ တစ်သုတ်ကို Foxconn စက်ရုံကို ပို့လိုက်ဖို့ အကြောင်းကြားလိုက်တယ် ။

တစ်ပါတ်ကြာတော့ မှာထားတဲ့ iPhone တွေ ထည့်ထားတဲ့ ကုန်သေတ္တာတွေ စက်ရုံကို ရောက်လာတယ် ။

ရောက်တဲ့ အချိန်က မိုးအတော်ချုပ်နေပြီ ။

iPhone သေတ္တာတွေကို စက်ရုံထဲ ချအပြီးမှာ စက်ရုံမှူးဟာ ဝီစီကို တတွီတွီနဲ့ မှုတ်လိုက်တယ် ။ စက်ရုံဝင်းထဲက ဘားတိုက်တွေမှာ အနားယူနေကြတဲ့ ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေ အလုပ်သမားတွေ ဘားတိုက်ပေါ်က ပြေးဆင်းလာကြပြီး စက်ရုံရှေ့မြေကွက်လပ်မှာ တန်းစီလိုက်ကြတယ် ။

စက်ရုံမှူးက အခုအချိန်ကစပြီး မှန်ချပ်တွေကို ဖြတ်ပြီး iPhone Screen တွေလုပ်ဖို့ တစ်ညလုံး အလုပ်ဆင်းကြရမယ်လို့ ပြောလိုက်တယ် ။

စကားပြောပြီးတာနဲ့ အားလုံးကို စားပွဲတွေပေါ်က လက်ဖက်ရည် တစ်ခွက်နဲ့ ပေါင်မုန့်တစ်ချပ်စီကို တန်းစီ ယူစားခိုင်းလိုက်တယ် ။ အားလုံး ကမန်းကတန်း ယူစားကြပြီး စက်ရုံထဲ ဝင်သွားကြတယ် ။

စက်ရုံတစ်ခုလုံး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ ချက်ချင်းပဲ အလုပ်စတင် လုပ်ကြတယ် ။ နေ့ဆိုင်း ညဆိုင်းတွေနဲ့ လုပ်လိုက်ကြတာ … 

( ၃ ) ရက်အတွင်းမှာ iPhone အလုံး တစ်သောင်းရဲ့ Plastic Screen တွေကို Glass Screen တွေနဲ့ လဲတပ် ပြီးသွားတယ် ။

နောက် ( ၃ ) လအကြာမှာ Apple ကုမ္ပဏီဟာ iPhone အလုံးပေါင်း တစ်သန်း ရောင်းချခဲ့ပါတယ် ။ နောက်ပိုင်းမှာ iPhone ကို အမေရိကန် ကာလီဖိုးနီးယားမှာ ဒီဇိုင်းပဲဆွဲပြီး ကုန်ကြမ်းကနေ iPhone ဖြစ်တဲ့အထိ တရုတ်ပြည်မှာပဲ လုပ်ပါတော့တယ် ။

( ၄ ) နှစ်ကြာတော့ Apple ဟာ iPhone အလုံးပေါင်း သန်း( ၂၀၀ ) ရောင်းချနိုင်ခဲ့ပါတယ် ။

မီဒီယာကို ပြောပြနေတဲ့ Apple ကုမ္ပဏီအရာရှိက ဆက်ပြောပြပါသေးတယ် ။

ကုန်ကြမ်းကနေ iPhone တွေ ဖြစ်လာတဲ့အထိ ထုတ်လုပ်ဖို့ အင်ဂျင်နီယာပေါင်း ( ၈,၇၀၀ ) နဲ့ အလုပ်သမားပေါင်း ( ၂ ) သိန်း လိုအပ်ပါတယ် ။ အင်ဂျင်နီယာ ( ၈,၇၀၀ ) ရအောင် စုဖို့ အမေရိကန်မှာ ( ၉ ) လကြာမြင့်မှာဖြစ်ပြီး တရုတ်ပြည်မှာ ( ၁၅ ) ရက်ပဲ ကြာပါလိမ့်မယ် ။

အမေရိကန်မှာ iPhone လုပ်ရင် လုပ်ခ စျေးကြီးတာရယ် လူမရလို့ အချိန်ပိုကြာအောင် လုပ်ရမှာတွေကြောင့် iPhone ကို အခု တရုတ်ပြည်မှာ ထုတ်ပြီးရောင်းတာထက် အများကြီး စျေးကြီးနေမှာမို့ ဘယ်သူမှ ဝယ်ကြမှာ မဟုတ်ပါဘူးတဲ့ ။

ဒီလောက်ဆိုရင် iPhone ကို China မှာ ဘာကြောင့် ထုတ်လုပ်နေတယ်ဆိုတာ သိနိုင်ပါပြီ ။

လုပ်ခ စျေးနူန်း သက်သာတယ် ။ မြန်မြန်ဆန်ဆန် လုပ်တတ်တယ် ။ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် လုပ်နိုင်တာတွေကြောင့် တရုတ်ပြည်ဟာ ယနေ့ကမ႓ာမှာ စီးပွားရေး ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်နေပါပြီ ။

PS : 

၁ ။ အမေရိကန်နိုင်ငံထုတ် ” The New York Times ” သတင်းစာမှာ ပါတဲ့ သတင်းတပုဒ်ကို မှီငြမ်းရေးထားတာပါ ။

၂ ။ Steve Jobs ဟာ ( ၂၀၁၁ ) ခုနှစ် အောက်တိုဘာလ ( ၅ ) ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါတယ် ။ 

Credit Gold Fish ( မူရင်းရေးသားသူ ) 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။ 

ကျနော် ဇာနည် ( iOS Banker Myanmar ) က ထပ်ဆင့် ပြန်လည် ဝေမျှပေးတာပါ ????????????

Facebook Comments
4K Shares