Home Knowledge ဘယ် Brand ဘယ်အမှတ်တံဆိပ်က Apple ရဲ့ Certified ရထားတာလဲ ?

ဘယ် Brand ဘယ်အမှတ်တံဆိပ်က Apple ရဲ့ Certified ရထားတာလဲ ?

2097

iPhone , iPad & iPod Touch တွေ ဝယ်ယူစဉ်က တစ်ပါထဲပါလာခဲ့တဲ့ EarPods တို့ ၊ Lightning Cable ( အားသွင်းကြိုး ) နှင့် USB ခေါင်း ( အားသွင်းခေါင်း ) တို့ကို အသုံးပြုပါများလာလို့သော်လည်းကောင်း ၊ တစ်စုံတစ်ခုသော ပြဿနာကြောင့်သော်လည်းကောင်း ချို့ယွင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက ကျနော်တို့အနေဖြင့် အသစ်တစ်ခုကို ဝယ်ယူဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ် ။ 

ဒီအခါမှာ မည်သည့် Brand , မည်သည့် အမှတ်တံဆိပ်ကို ဝယ်ယူမလဲ ဆိုတာက ကျနော်တို့အတွက် ဒွိဟဖြစ်လာရပါပြီ ။ ဈေးကွက်ထဲမှာ တန်ဖိုးသင့် ( မြန်မာကျပ်ငွေ – ၄ , ၅ ထောင်တန် ) ကနေပြီး တန်ဖိုးကြီး ( မြန်မာကျပ်ငွေ – ၂ , ၃ သောင်းတန် ) တွေအထိ တံဆိပ်အမျိုးမျိုး ဈေးအမျိုးမျိုးနဲ့ ရွေးချယ် ဝယ်ယူလို့ ရပါတယ် ။ 

ဒီအထဲမှာ Apple က အသိအမှတ်ပြု ( Certified ) ရထားတဲ့ အမှတ်တံဆိပ်တွေလည်း ပါပါတယ် ။ သူတို့ကိုတော့ ကျနော်တို့က MFi ( Made For iPhone , iPad & iPod Touch ) တံဆိပ်ပါရှိတဲ့ ပစ္စည်းများအဖြစ် သိထားကြပြီး ဖြစ်ပါတယ် ။ 

Apple က အသိအမှတ်ပြုထားတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေး Quality ပိုင်းကို စဉ်းစားကြည့်ရုံနဲ့တင် သိရှိနိုင်ပါတယ် ။ ဒီလို MFi အမှတ်တံဆိပ်ပါပြီး Apple ရဲ့ Certified ဖြစ်တဲ့ ပစ္စည်းတွေကိုသာ ဝယ်ယူ အသုံးပြုကြဖို့ ကျနော်ကတော့ တိုက်တွန်းပါတယ် ။ 

ဒါဖြင့် ဘယ် Brand ၊ ဘယ်အမှတ်တံဆိပ်က MFi ( Apple ‘s Certified ) ဖြစ်မလဲ ? 

ဒါကို ကျနော်တို့ သိရှိဖို့အတွက် စစ်ဆေးတဲ့ လင့်လေး အောက်မှာ ပေးထားပါတယ် ။ Brand ကိုပဲ စစ်ကြည့်မလား ? 

Model နံပါတ်နဲ့ပဲ စစ်ကြည့်မလား ? 

Apple ရဲ့ Certified ဖြစ် မဖြစ် ကိုယ်ကြိုက်သလို စစ်ဆေးကြည့်နိုင်ပါတယ် ။ 

MFi Certified ဖြစ် , မဖြစ် စစ်ဆေးရန်လင့်

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar ) 

Facebook Comments
1K Shares
https://publishers.propellerads.com/#/pub/auth/signUp?ref_id=TuDw