ဘယ်လို iPhone ဟောင်းတွေကို ဝယ်ယူသင့်သေးသလဲ ?

1288

iPhone Model အသစ်တွေ ထွက်လာခါနီးပါပြီ ။ ဒီနှစ်ထွက်လာမယ့် iPhone တွေက Pro Version တွေ ဖြစ်လာနိုင်ပါတယ် ။ သေချာတာကတော့ iPhone အသစ်တွေဟာ 2019 ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေ ဖြစ်လာဖို့ကတော့ သေချာသလောက်ပါပဲ ။ ဒီစမတ်ဖုန်း အသစ်တွေကို ဝယ်ဖို့အတွက်ကတော့ ငွေကြေး အတော်အကုန်အကျ များပါလိမ့်မယ် ။

ငွေကြေး အကုန်အကျကို ချင့်ချိန်ပြီးမှ သုံးစွဲရမယ့် ကျနော့်လို သူတွေအတွက် Older Model တွေထဲကနေ ရွေးချယ် ဝယ်ယူသင့်ပါတယ် ။ ဒီမှာ မေးစရာ ရှိလာတာက ဘယ်လို Model အဟောင်းတွေကို ဝယ်ယူသင့်သလဲ ဆိုတာပါပဲ ။ ကြုံရာကို ဝယ်လိုက်ပြန်ရင်လည်း ကိုယ်ဝယ်တာက ဟင်းရွက်ကန်စွန်း မဟုတ်တဲ့အတွက် မဟုတ်သေးပြန် ။

အခြေခံအနေနဲ့ ကျနော်ကတော့ ဒီလို စဉ်းစားပါတယ် ။ ဈေးနှုန်းသင့်ပြီး Software Update လည်း ရရှိနိုင်ဦးမယ့် အဟောင်းတွေကိုပဲ ရွေးချယ်မယ်ဆိုပြီးတော့ပါ ။ ဒီတော့ ကျနော့် မျက်စိရှေ့မှာ Older Model ( ၃ ) မျိုး တွေ့ရပါတယ် ။

iPhone 6s ($199.99) and 6s Plus ($299.99)

2015 မှာ ထုတ်ခဲ့တဲ့ iPhone 6S နဲ့ 6S Plus တို့ဟာ Apple ၏ 3D Touch နည်းပညာ ပထမဆုံး ပါလာသည့် iPhone ပဲ ဖြစ်ပါတယ် ။ iPhone 6 မှာ ဖြစ်ခဲ့သည့် ကွေးတဲ့ Issues ကိုပါ Fixed လုပ်ပေးထားတဲ့ Model လည်း ဖြစ်ပါတယ် ။ ကျနော်ရွေးထားတဲ့ Oldest Model တွေထဲမှာတော့ ဈေးအနည်းဆုံးလို့ ပြောနိုင်ပါတယ် ။ ဈေးအနည်းဆုံးပေမယ့် သူ့မှာလည်း ကောင်းကွက်တွေ ရှိပါတယ် ။ ပထမက Headphone Jack ပေါက် ပါတဲ့ နောက်ဆုံး iPhone Model ဖြစ်ပါတယ် ။ ကိုယ့်မှာ အရင်က Headphones အဟောင်းတွေ ရှိသေးရင် အဆင်ပြေတာပေါ့ ။ ဒုတိယက Oldest iPhone ဖြစ်ပေမယ့်လည်း လာမယ့် စက်တင်ဘာကျ ထွက်မယ့် iOS 13 ကို Support လုပ်ပါဦးမယ် ။ ဒီတော့ဗျာ Headphone Jack လည်း ပါပြီး Latest Operating System ကိုပါ အသုံးပြုလို့ ရဦးမယ့် ဒီ iPhone Model ဟာ ရွေးချယ် ဝယ်ယူသင့်တာပေါ့ ။

ဒါပေမယ့် တစ်ခုရှိတာက ဒီ Model ဟာ နောက်လာမယ့် အနာဂါတ်ကာလမှာတော့ Update တွေ ရဖို့ မသေချာတော့ပါဘူး ။ ကိုယ့်အနေနဲ့ နောက် လေးငါးနှစ် ဆက်ပြီး သုံးဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ ဒီ Model ကို မရွေးချယ်သင့်ပါဘူး ။

iPhone 7 ($299.99) and 7 Plus ($399.99)

iPhone 7 Models တွေကတော့ 2016 ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပါတယ် ။ သူကလည်း နည်းပညာအသစ်တွေကို ယူဆောင်လာခဲ့တာပါ ။ Headphone Jack ပေါက် မပါလာတဲ့ ပထမဆုံးသော iPhone Model လည်း ဖြစ်သလို Water နဲ့ Dust ကို ပထမဆုံး Resistant လုပ်တဲ့ iPhone လည်း ဖြစ်ပါတယ် ။ နောက်ပြီး Apple က 16GB Version တွေကို ဖြုတ်ချလိုက်ပြီး အနည်းဆုံး 32GB Version တွေနဲ့ စတင်ခဲ့တာကလည်း iPhone 7 နဲ့ 7 Plus တို့မှာ ဖြစ်ပါတယ် ။ နောက်ထပ်ကလည်း Physical Home Button တွေကို ဖြုတ်ပြီး Software အခြေပြု Button တွေနဲ့ အစပြုခဲ့တဲ့ iPhone Model လည်း ဖြစ်ပါတယ် ။ နောက်ဆုံး Dual Camera ပထမဆုံး ပါဝင်လာတဲ့ ဖုန်းလည်း ဖြစ်ပါတယ် ။

လွန်ခဲ့သည့် ( ၃ ) နှစ်လောက်က ထွက်ခဲ့တဲ့ ဖုန်းဖြစ်တာကြောင့် နောက်ထပ် နှစ်အတော်ကြာကြာလည်း Apple ၏ Support လုပ်တာတွေ ရရှိဦးမှာ ဖြစ်ပါတယ် ။

iPhone 8 ($599) and 8 Plus ($699)

Apple က iPhone 7 ပြီးနောက် ” S ” ဗားရှင်းတွေကို မထုတ်တော့ပဲ iPhone 8 နဲ့ 8 Plus တို့ကို ထုတ်ခဲ့ပါတယ် ။ ဒီ Model တွေမှာ ကောင်းမွန်တဲ့ Camera စနစ်ကို ယူဆောင်လာခဲ့သလို Wireless Charging နဲ့ True Tone Display နည်းပညာတို့ကိုပါ ပထမဆုံး မိတ်ဆက်ပေးလာခဲ့ပါတယ် ။

iPhone 8 နဲ့ 8 Plus တို့ ထွက်ပြီး ( ၂ ) နှစ်အကြာ ဒီကနေ့အချိန်ထိမှာတော့ အဆိုပါ iPhone 8 Model တွေဟာ အဝယ်သင့်ဆုံး စာရင်းထဲမှာတော့ ထိပ်ဆုံးမှာ ရှိနေဆဲပဲ ဖြစ်ပါတယ် ။

ဒီ Older Model ( ၃ ) မျိုးထဲကနေမှ ကျနော်တို့ ဘယ် Model ကို ရွေးချယ်ရမလဲ ။ တကယ်ဆို ဘယ် Model ကို ရွေးချယ် ဝယ်ယူရမလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။ ဒါက လူတိုင်းရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီနေရာမှာ ကျနော်က ရွေးချယ်ရ လွယ်ကူအောင်လို့ လမ်းညွှန်ပေးတာလေး လုပ်ပေးပါမယ် ။ ကိုယ့်ရဲ့ Children တွေကို Present အဖြစ် ပေးဖို့ iPod Touch လိုမျိုးကို ဝယ်ယူတာထက်စာရင် iPhone 6S တွေကိုသာ ဝယ်ယူသင့်ပါတယ် ။ Music နားထောင်ပြီး Game ကြီးကြီးမားမားတွေကို Play နိုင်မယ့် ဒီ iPhone 6S က iPod Touch ကို ရွေးချယ်တာထက်တော့ သာပါတယ် ။ တစ်ခု ထည့်ပြီး စဉ်းစားရမှာကတော့ ဒီ iPhone 6S တွေဟာ iOS 13 ကို နောက်ဆုံး Support ရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒီတစ်ချက်ကိုတော့ ထည့်စဉ်းစားသင့်ပါတယ် ။

ကျနော် iPhone 6S Plus ကို Recommend ပေးဖို့ အတော် စဉ်းစားရပါတယ် ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ Price ကြောင့်ပါ ။ သူ့ဈေးနဲ့ဆို iPhone 7 ကို ရနေပါပြီ ။ ဒီတော့ iPhone 6S Plus ကို ဝယ်ယူနိုင်တဲ့သူဟာ 7 နဲ့ 7 Plus တို့ကိုသာ ရွေးချယ်သင့်ပါတယ် ။ iPhone 7 နဲ့ 7 Plus တို့ဟာ Future Device စာရင်းထဲ ထည့်ထားလို့ ရပါသေးတယ် ။ Price အနေနဲ့ကလည်း နောက်ထပ် နှစ်အတော်ကြာကြာ ရဦးမယ့် Support ကြောင့် တန်သေးတယ်လို့ ပြောလို့ ရပါတယ် ။

ဒါပေမယ့်လည်း ကိုယ့်မှာ သုံးစွဲဖို့ Budget များများ ရှိတယ်ဆိုရင်တော့ iPhone 8 ဟာ ရွေးချယ်သင့်ပါတယ် ။ သူက New Model ဖြစ်သလို iPhone 7 ထက် အစစအရာရာ သာအောင် လုပ်ထားလို့လည်း ဖြစ်ပါတယ် ။ ကိုယ်က နိုင်တယ်ဆိုရင်တော့ iPhone 8 ကိုသာ မျက်စိမှိတ်ပြီး ဝယ်လိုက်လို့ ရပါတယ် ။

တစ်ဖက်မှာလည်း iPhone 8 Plus ဆိုတာက ရွေးချယ်သင့်တဲ့ စာရင်းထဲမှာ ရှိနေပါသေးတယ် ။ တကယ့်ကို ကောင်းမွန်တဲ့ ဖုန်းဖြစ်သလို နောက်ထပ် နှစ်အများကြီးလည်း အထောက်အပံ့တွေ ရရှိဦးမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ Price က ကျနော့်ကို စိတ်အနှောင့်အယှက် အနည်းငယ်တော့ ဖြစ်စေတယ် ။ ဘာလို့လဲဆိုတော့ နောက်ထပ် လနည်းနည်းလောက်သာ စောင့်လိုက်ရင် iPhone X ကို သူ့ဈေးနဲ့ ရနိုင်တော့မှာ ဖြစ်လို့ပါပဲ ။

တကယ်ဗျ ။ နောက်ထပ် iPhone အသစ်တွေ ထွက်လာရင် Older Model တွေက ဈေးကျသွားမှာ ။ ဆိုတော့ နောက်ထပ် လအနည်းငယ်လောက် စောင့်လိုက်တာက အကောင်းဆုံး ရွေးချယ်မှုပါပဲ ။

Ref : Sergio Velasquez

အားလုံးချမ်းမြေ့ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )

Facebook Comments
1K Shares