ပျိုမေတိုင်း သိထားသင့်တဲ့ ရာသီသွေးဆင်းများခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

1729

ပျိုမေတိုင်း လစဉ်ကြုံတွေ့ရလေ့ရှိတဲ့ ရာသီလာခြင်းဖြစ်စဉ်ဟာ ပုံမှန်အားဖြင့်ဆိုရင် ရက် ၃၀ ဒါမှမဟုတ် ၂၈ ရက်မှာ တခါဖြစ်လေ့ရှိပါတယ်။ ရက်အားဖြင့်ဆိုရင်တော့ ရက်ကနေ ရက်အထိ ကြာတတ်ပြီး ပမာဏအားဖြင့် ဆိုရင် 80 ml လောက်အထိပဲ ရှိသင့်တယ်လို့ ဆေးပညာအရ သတ်မှတ်ထားကြပါတယ်။

ဒီလိုမှမဟုတ်ဘဲ ရာသီသွေးအတုံး၊ အခဲတွေ ဆင်းတာ၊ တနာရီအတွင်း လစဉ်သုံးပစ္စည်းတစ်ခုထက်ပိုပြီးလဲရတာနဲ့ ရက်အားဖြင့် ရက်ထက် ပိုကြာတာမျိုးဆိုရင်တော့ ရာသီသွေးဆင်းတာများတယ်လို့ ဆေးပညာရှင်တွေက သတ်မှတ်ထားတာပါ။ ရာသီသွေးဆင်းများတာဟာ စိုးရိမ်ရလားဆိုရင်တော့ စိုးရိမ်သင့်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း ရှိနေနိုင်ပါသေးတယ်။

() အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ သားအိမ်မှာ အလုံးရှိခြင်း၊ ရေအိတ်တည်ခြင်းနဲ့ သားအိမ်ကင်ဆာ စတဲ့ ရောဂါတွေ ဖြစ်ပွားတဲ့အခါမျိုးမှာလည်း ရာသီသွေးဆင်းတာ များနိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကုသမှု ခံယူသင့်ပါတယ်။

() တခါတရံမှာတော့ အမျိုးသမီးတွေ သားအိမ်မှာဖြစ်လေ့ရှိတဲ့ ရောဂါတွေကြောင့် မဟုတ်ဘဲ ဟော်မုန်းမညီမျှတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီလာကာစအချိန်နဲ့ သွေးဆုံးကာနီး အချိန်တွေမှာဆိုရင်တော့ စိုးရိမ်စရာ သိပ်မရှိပါဘူး။

() သားဆက်ခြားနည်းတွေကလည်း ရာသီသွေးဆင်းများခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ လခံဆေးထိုးတာမျိုးနဲ့ သားအိမ်တွင်းမှာ သားဆက်ခြားပစ္စည်း (IUD) ထည့်ထားတဲ့အခါမျိုးမှာလည်း ရာသီသွေးဆင်းများတတ်ပါတယ်။

() နောက်ထပ်သတိပြုရမှာတခုကတော့ လိင်ကနေတဆင့် ကူးစက်ရောဂါပိုးဝင်တဲ့ အခါမျိုးမှာ ရာသီသွေးဆင်းများတာနဲ့ သားအိမ်ပိုးဝင်တာမျိုးကို ဖြစ်စေနိုင်ပါသေးတယ်။

() သွေးကျဲဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေ မကြာခဏ သောက်သုံးတဲ့အခါမျိုးမှာလည်း ရာသီသွေးဆင်းများတတ်တာကြောင့် မလိုအပ်ဘဲ မသောက်သုံးသင့်ပါဘူး။

Calcifer

Facebook Comments
594 Shares