05/25/2020

နောက်ဆုံးတော့ iPad အတွက် Xcode ကို iPadOS 14 မှာ ယူဆောင်လာခဲ့ပါပြီ

2K Shares

macOS, iOS, iPadOS, watchOS နဲ့ tvOS Software တို့ကို ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် Apple Xcode ဟာ iPadOS 14 Update နှင့်အတူ iPad အပေါ်မှာ အသုံးပြုလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီသတင်းသာ မှန်ကန်ခဲ့လျှင် Developers တွေကတော့ သူတို့ရဲ့ iPad ပေါ်ကနေ Applications တွေကို ရေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

နာမည်ကြီး Leaker John Prosser က iPadOS 14 မှာ Xcode ကို မိတ်ဆက်ပေးလာလိမ့်မယ်လို့ ပြောလာပါတယ်။ သူက Final Cut မှာ ဘယ်လိုလာမလဲတော့ အသေအချာ မသိပါဘူးတဲ့။ ဒါပေမယ့် Xcode ကတော့ iOS/iPadOS တို့အပေါ်မှာ ပါရှိလာမယ်လို့တော့ ဆိုပါတယ်။

ဒါတွေသာ တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ Apple Software Developers တွေက Applications တွေကိုလွယ်လင့်တကူ iPad ပေါ်ကနေ ရေးနိုင်လာတော့မှာပဲ ဖြစ်ပါတယ်။ အရင်က Xcode ကို Mac ပေါ်ကနေပဲ macOS ကိုအသုံးပြုပြီး ရေးနိုင်ခဲ့တာဖြစ်ပါတယ်။ Developers တွေက iPad အတွက် Xcode ကို တောင်းဆိုလာခဲ့တာ ကြာလှနေပြီ ဖြစ်ပါတယ်။ အမှန်တကယ်ပြောရရင်တော့ Older iPad ရဲ့ Hardware တွေအပေါ်မှာတော့ Xcode ဟာ Support လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။

အခုဒီအတိုင်းသာဆိုရင်တော့ iPad Pro CPU စွမ်းဆောင်ရည်ကြောင့် Magic Keyboard ကို အသုံးပြုပြီး iPhone နဲ့ iPad Apps တွေကို အမှန်တကယ်ကို iPad ပေါ်ကနေ လွယ်လွယ်ကူကူ ရေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Via iDownload Blog

ဇာနည် ( iOS Banker Myanmar )

12 / 100 SEO Score

Myanmar Covid 19 Result

မြန်မာနိုင်ငံတွင် ယနေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ထုပ်ပြန်ချက်အရ Corona Vrius ကူးစက်ခံရသူ ၂၀၁ဦး ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၂၂ဦး နှင့် သေဆုံးသူ ၆ဦး ရှိကြောင်း သတင်းရရှိပါသည်။