ဆီးအောင့်တတ်သူများအတွက် ဆေးနည်းများ

927

ဆီးအောင့်ရတဲ့အကြောင်းရင်းများစွာရှိတဲ့အနက်ဆီးအိမ်တုံ့ပြန်မှုလွန်ကဲခြင်း(overactive bladde) ကြောင့်ဆီးသွားချင်စိတ်ပိုဖြစ်ခြင်း၊ဆီးအောင့်ခြင်း၊ဆီးသွားချင်စိတ်စတင်ဖြစ်ပေါ်သည်နှင့်မအောင့်နိုင်ဘဲဆီးအမြန်သွားနိုင်ရန်အားထုတ်ရခြင်း၊ဆီးမသွားနိုင်ခင်အောင့်ထားသော်လည်းစိမ့်၍ထွက်ကျခြင်းစသည်တို့ဖြစ်တတ်ပါတယ်။

ဆီးထဲမှာပါလာတဲ့ဓါတ်တွေကိုဆီးအိမ်ကတုံ့ပြန်မှုလွန်ကဲပြီးကြာကြာသိမ်းမထားနိုင်ဘဲအမြန်စွန့်ထုတ်နိုင်အောင်ဆီးအိမ်နံရံကြွက်သားတွေညှစ်တာကြောင့်ဆီးအောင့်ရတာဖြစ်ပါတယ်။

အထူးသဖြင့်ကဖင်း၊အချဉ်ဓါတ်တွေဆီးထဲပြန်ပါလာတဲ့အခါဆီးအိမ်ကလက်သင့်မခံဘဲညှစ်ထုတ်တတ်ပါတယ်။

ဆီးအောင့်တတ်သူများဂရုပြုရမည့်အစားအစာတွေကတော့~

ဆန်၊ဂျုံ၊ပြောင်း

ဆန်၊ဂျုံ၊ဖွဲနု၊ပြောင်းတို့မှထုတ်လုပ်ထားသည့်အစားအစာများဟာဆီးအိမ်ကိုဒုက္ခမပေးနိုင်ပါဘူး။ကော်ဖီ၊လက်ဖက်ရည်သောက်တာထက်စာလျှင်ကွေကာအုတ်၊ပဲနို့၊ခေါက်ဆွဲ၊ကြာဆံစာတာတွေစားသုံးနိုင်ပါတယ်။

အခွံမာသီးအစေ့များ

အရေးကြီးတဲ့အချက်ကအစားအသောက်ထဲမှာပဲ၊ဂျုံ၊သစ်သီး၊အစေ့၊အဆံတွေများများပါဝင်ဖို့လိုပါတယ်။ပဲခြမ်း၊ပဲနီကလေး၊ဗိုလ်စားပဲ၊စားတော်ပဲ၊ပဲစင်းငုံစတဲ့ပဲမျိုးစုံအလျှင်းသင့်သလိုစားပေးသင့်ပါတယ်။

သစ်သီး

အချဉ်ဓါတ်မပါတဲ့သစ်သီးတွေဦးစားပေးပါ။သံပရာသီး၊ရှောက်သီးစတာတွေကလွဲပြီးကျန်အသီးတွေစားနိုင်ပါတယ်။

ရေ

ရေသောက်လျှင်ဆီးများများသွားတတ်တယ်ဆိုတဲ့အကြောင်းပြချက်နှင့်ဆီးအောင့်ပြဿနာကိုဖြေရှင်းတဲ့အခါရေသောက်နည်းတာသာအဖတ်တင်ပြီးဆီးအောင့်သက်သာမှာမဟုတ်ပါဘူး။တစ်နေ့မှာရေရှစ်ခွက်ခန့်သောက်သင့်ပါတယ်။

Credit to Thiha

ဆီးအောင့်_ဆီးရောဂါပျောက်စေတဲ့

( သဘာဝဆေးနည်း၁၄နည်း)

ဆေးနည်း{}

မြင်းခွါရွက်ကိုအရည်လုပ်ပြီးသကြားအနည်းငယ်ထည့်၍သောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{}

ထမင်းအိုတည်တဲ့အခါထမင်းရည်ငှဲ့ပြီးအဝသောက်ပါ၊အုန်းစိမ်းရေကိုအဝသောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{}

လက်ဖက်​​ခြောက်ကိုရေစိမ်ပြီးခနခနသောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{}

ပေါက်ပန်းပွင့်ကိုရေနွေးနဲ့စိမ်သောက်လက်တွေ့ပျောက်ပါတယ်။

ဆေးနည်း{}

ထိကရုန်းပင်၃ခွက်တစ်ခွက်တင်ကျိုသောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{}

ဆန်ဆေးရေသောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{}

ဆေးကုလားမနဲနဲရေစိမ်ပါ၊ပွလာရင်သကြားနဲနဲထည့်ပြီးသောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{}

ဆန်ဆေးရေထဲလဘက်ခြောက်စိမ်ပြီးသကြားခပ်သောက်ပေးပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{}

လက်ဖက်​​ခြောက်နည်းနည်သကြားများများထည့်ပြီးရေစိမ်ထား၅မိနစ်​​လောက်​​နေရင်​​သောက်ပါ။

ဆီးနည်ဆီးကျင်​​ပျောက်နိုင်ပါတယ်ဖန်ခွက်ကြီးကြီး၂ခွက်​​လောက်​​သောက်တာနဲ့ကောင်သွားနိုင်ပါတယ်။

ဆေးနည်း{၁၀}

ကျောက်ဖရုံသီးချက်စားပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{၁၁}

မနက်အိပ်ယာထတာနဲ့ရေကိုများများသောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{၁၂}

ရှားစောင်းလက်ပတ်အနှစ်ကိုသကြားနဲ့ခေါက်သောက်ပါ။

ကျောက်တည်သည့်သူတောင်မှသုံးခါ

သောက်တာနဲ့ပျောက်သွားတာတွေ့ဖူးကြောင်းသိရှိရပါသည်။

ဆေးနည်း{၁၃}

ကြက်သွန်နီတလုံးပါးပါးလှီးသကြားတဇွန်းထည့်မတ်ခွက်ထဲရေနွေးနဲ့နာရီစိမ်သောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

ဆေးနည်း{၁၄}

ပေါက်ပွင့်ကိုထန်းလျှက်နဲ့ကြိုသောက်ပါ။ဆီးအောင့်ဆီးရောဂါပျောက်နိုင်ပါတယ်။

မြန်မာရိုးရာသဘာဝဆေးနည်းများကမ္ဘာတည်သရွှေ့မပျောက်မပျက်တည်တံ့နိုင်စေရန်ရည်ရွယ်ရင်းရှိသည့်အတိုင်းရေးသားမှတ်တမ်းတင်အပ်ပါသည်

Credit to oranginal uploader

Facebook Comments
2K Shares