“ချက်” ပုံစံက ပြောပြနေတဲ့ သင့်အကြောင်း

865

လူတွေအားလုံးစိတ်ဓာတ်တွေလည်းမတူညီနိုင်ကြသလို၊ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေမှာလည်းကွဲပြားနေတာမျိုးအပြင်ချက်ပုံစံတွေလည်းပုံစံခြားနားသွားသလိုအဲဒီပုံစံကွဲပြားမှုများစွာဖြစ်နေတာလေးတွေကိုအနည်းငယ်စီလေ့လာမိသလောက်လေးတင်ပြပေးချင်ပါတယ်။ဘယ်လိုတွေတောင်ကွဲပြားနေလို့ဒီလောက်တောင်ပြောချင်နေတာလဲလို့တွေးနေကြမယ်ဆိုတာကိုသိနေပါတယ်။

တချို့ဆိုချက်ပြူးProtruding navelကအပြင်ကိုပြူးပြီးထွက်နေတာမျိုးမိတ်ဆွေတို့လည်းတွေ့ဖူးကြမယ်ထင်ပါတယ်။ဒီလိုချက်ပိုင်ရှင်တွေအနေနဲ့ကတော့အင်မတန်ခေါင်းမာတဲ့သဘောထားရှိသူတွေဖြစ်ကာ၊အလွန်ကိုကြံ့ခိုင်တဲ့သူများလည်းဖြစ်ကြပါတယ်။အချစ်ရေးနဲ့ပတ်သက်ပြီးအာရုံစိုက်ခံရဖို့အတွက်ရှာဖွေနေတတ်ပြီး၊အချစ်ရဲ့စွမ်းအားကိုအမွှန်းတင်ဖို့အသင့်ရှိနေသူများဖြစ်ကြပြီး၊လက်တွဲဖော်အစစ်အမှန်ကိုရှာဖွေဖို့အတွက်ကတော့အခြားသူတွေထက်ပိုခက်ခဲနိုင်ပါတယ်။ဒီလိုချက်ပိုင်ရှင်တွေကိုချက်စူလို့လည်းခေါ်ကြပါတယ်။

ဒါ့အပြင်ကြီးပြီးနက်တဲ့ချက်Large and deep navel တွေရဲ့သဘောကတော့သဘောထားသေးသိမ်တဲ့သူတွေဖြစ်၍၊ပေးကမ်းရက်ရောသူတွေလည်းဖြစ်ပါတယ်။သူတို့ကကိုယ်ပိုင်အတွေ့အကြုံတွေအပေါ်အခြေံကာကြင်နာတဲ့နှလုံးသားရှိသူများဖြစ်ကြပါတယ်။ဒါပေမယ့်သူတို့ဟာလူ့ဖွဲ့အစည်းရဲ့အလိုကျကိုယ့်ကိုယ်ကိုယ်ပြောင်းလဲမှာမဟုတ်သလိုကိုယ်ပိုင်ဘ၀မှာပဲအသက်ရှင်ရပ်တည်တတ်ကြပါတယ်။

Young woman having stomach pain

တခြားသူတွေကတော့Small and shallow navel လို့ဆိုတဲ့သေးပြီးတိမ်တဲ့ချက်များကိုပိုင်ဆိုင်ထားကြတာမြင်ဖူးကြမယ်ထင်ပါတယ်။ဒီလိုမျိုးချက်ပိုင်ရှင်တွေရဲ့စိတ်သဘောထားလေးတွေကိုပြောပြရမယ်ဆိုရင်သူတို့တွေကသူတို့နေထိုင်တဲ့ပတ်ဝန်းကျင်အရကိုယ့်ရဲ့ခြေလှမ်းတိုင်းကိုအရမ်းသတိထားရမယ်ဆိုတာသိစေချင်ပါတယ်။သူတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့သဘောထားအတုအယောင်တွေကိုရှောင်ရှားနိုင်ရမှာဖြစ်ပါတယ်။တစ်ခုကံကောင်းနေတာကအဲဒီလိုလူတွေရဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့အရည်အချင်းတွေရှိနေတာသာတယ်လို့ပြောချင်ပါတယ်။အထူးသဖြင့်မိမိနဲ့ရင်းနှီးသူတွေကိုသာယုံကြည်တာအကောင်းဆုံးပါလို့ပြောချင်ပါတယ်။

အောက်ဖက်ရောက်နေတဲ့ချက်Downward navel သမားတွေကြတော့လည်းကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းဥစ္စာတွေအပေါ်စိတ်ဝင်စားမှုနည်းပြီး၊ပျင်းတဲ့သူများဖြစ်ကြပါတယ်။သူတို့ရဲ့ပျင်းရိမှုကပဲဘယ်လိုအလုပ်မျိုးကိုမဆိုစမတ်ကျကျလုပ်နိုင်ပြီး၊လွယ်ကူတဲ့နည်းလမ်းတွေကိုလည်းရှာဖွေပေးနိုင်တဲ့သူများလည်းဖြစ်ပါတယ်။

များပြားလှတဲ့အရာတွေပေါ်မှာအရမ်းကိုအလေးအနက်ထားလွန်းသူတွေဖြစ်တယ်လို့ပြောနေကြတဲ့ဒီချက်Oval navel shape ပိုင်ရှင်တွေကိုတော့လက်တွေ့မကျတဲ့အမူအကျင့်စရိုက်တွေကြောင့်စိတ်မချမ်းမသာဖြစ်ရတဲ့အခိုက်အတန့်တွေများသူများဖြစ်ပါတယ်။ကောင်းတဲ့အချက်တစ်ခုအနေနဲ့ပြောရရင်အလုပ်အပေါ်စိတ်ရောကိုယ်ပါမြှပ်နှံထားသူများဖြစ်ပြီး၊တက်ကြွသူများလည်းဖြစ်ပါတယ်။ဒါပေမယ့်စိတ်မရှည်ကြသူများဖြစ်ပါတယ်။

သူတို့နဲ့အရမ်းရင်းနှီးသူတွေဖြစ်တဲ့သူကိုမှစိတ်ချယုံကြည်ရတဲ့သူတွေကိုသာအားထားတတ်သူများဖြစ်ကြပါတယ်။ဒီလိုချက်Wide belly button ကိုပိုင်ဆိုင်သူများအနေနဲ့ဘယ်လိုလူတွေနဲ့ဆုံတွေ့ပါစေ၊အမြဲတမ်းသတိထားဆက်ဆံတတ်တဲ့စရိုက်ရှိနေသူဖြစ်ပြီး၊သူစိမ်းတစ်ယောက်ကိုတွေ့ရင်လည်းအလွန်အမင်းအကဲခတ်တတ်ကြပါတယ်။  သင်တို့ရောဘယ်ချက်အမျိုးအစားပိုင်ရှင်ဖြစ်မလဲဆိုတာကိုသေချာလေးဖတ်ကြည့်ပြီးဘာတွေဖြစ်တတ်လဲဆိုတာနဲ့ကိုယ့်မှာဘယ်လိုစိတ်တွေရှိတတ်တယ်ဆိုတာတိုက်ကြည့်ကြပါလို့ပြောချင်ပါတယ်။

Facebook Comments
0 Shares