ကိုရီးယားသမ္မတကြီး မွန်း ကိုယ်တိုင် နှုတ်က ထုတ်ဖော်ချီးကျူးခဲ့ရတဲ့ မြန်မာတဦး

6089

ကိုရီးယားသမ္မတကြီး မွန်း ကိုယ်တိုင် နှုတ်က ထုတ်ဖော်ချီးကျူးခဲ့ရတဲ့ မြန်မာတဦး

သမ္မတကြီးမွန်း .. ရေးသားတဲ့ နှုတ်ဆက် စာသဝဏ်လွှာ၊ ဖတ်ရင်းက မျက်ရည်တောင် ဝဲမိပါတယ်

စာရဲ့ အစမှာ ရန်ကုန်မိုးဟာ စပါးနှံတွေကို စွတ်စိုစေရင်း ..အပူတွေကို လျော့ကျအေးမြစေရင်း .. ကျနော်တို့ အားလုံးရဲ့ ရင်ကို ခဏတာ လွတ်လပ်မှု ရရှိစေပါတယ်။ လို့ .. အစပြုရင်း မေးခွန်းတစ်ခု မေးလာတာက ဝင်းထွဋ်ဇော် ပညာရေး ပဒေသာပင်ကို သိပါသလား .. တဲ့ !!

မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းထွဋ်ဇော် လုပ်ငန်းခွင်ထဲမှာ ထိခိုက်မိရာက ဆေးရုံမှာ တက်ရောက်ကုသပေမယ့် ဦးနှောက်သေဆုံးကာ .. ကိုယ်အင်္ဂါပစ္စည်း မျိုးကို ကိုရီးယား လူနာတွေထံ လှူဒါန်းသွားတဲ့ အကြောင်း သမ္မတကြီး စကားထဲ ပါလာတော့ ကိုဝင်းထွဋ်ဇော်ကို ဆေးရုံမှာ သွားရောက်ကြည့်ရှု့ခဲ့တာတွေ ..မြန်မာပြည်က အမတွေ အကိုတွေရောက်လာတော့ ခန္ဒာကိုယ် လှူဒါန်းရေး အမြတ်ဆုံးအလှူအတွက် သက်ဆိုင်ရာ ရုံးဌါနမှာ ကျွန်တော် ဘာသာပြန်ဆိုပေးခဲ့ရတာတွေ မျက်စိထဲ ပြန်မြင်ယောင်လာပါ တယ်

(အဲဒီ အလှူကိစ္စ နာရေးကိစ္စများမှာ အခြားသော လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ သံရုံး အလုပ်သမားသံအရာရှိများရဲ့ ပူးပေါင်း ကူညီမှူများလည်း ကျနော့်ထက် ပိုခဲ့ကြောင်း ကြားညှပ်တင်ပြ အပ်ပါတယ်)

အဲဒီလို ကိုယ်ခန္ဒာ လှူဒါန်းလိုက်လို့ ကိုရီးယား နိုင်ငံတော်က ကိုဝင်းထွဠ်ဇော်ကို ချီးမြှင့်ခဲ့တဲ့ ဆုကြေးငွေကို မိသားစုများက ကိုရီးယားမှာရှိတဲ့ မိဘမဲ့ကလေး စောင့်ရှောက်ရေးကို ပြန်လည် လှူဒါန်းသွားခဲ့တဲ့ အကြောင်းကိုလည်း သမ္မတကြီးက မှတ်မှတ် ရရ ကျေးဇူးတင်စွာ ပြန်ပြောင်း ပြောပြထားတာကို ဖတ်ရပြီး သတိရလေးစားတာရော ဝမ်းနည်းတာပါ ရောထွေးခံစားရရင်း မျက်ရည်က ဝဲလာရပါတော့တယ်

အဲဒီလို ကိုယ်ခန္ဒာကိုလည်း လှူတယ် .. အစိုးရက ချီးမြှင့်တဲ့ ဆုကြေးကိုလည်း ပြန်လှူတဲ့အတွက် အလွန်ကို ကျေးဇူးတင် ရကာဝင်းထွဋ်ဇော် ပညာရေး ပဒေသာပင်ဆိုတာကို မြန်မာနိုင်ငံရောက် ကိုရီးယားလူမျိုးများ အဖွဲ့က မတည်ဆောင်ရွက်ပေးခဲ့ကာ .. လက်ရှိ မြန်မာကျောင်းသား ၂၆ ဦးတို့ကို ပညာရေးစရိတ် ထောက်ပံ့ပေးနေပြီး ထပ်မံပံ့ပိုးပေးဖို့ အစီစဉ်လည်း ရှိကြောင်း စကားဆက်ရင်း .. မြန်မာပြည်က လွန်ခဲ့တဲ့နှစ် ၇၀ လောက်က ဆန်လှူခဲ့တာတွေကို ကျေးဇူးတင်ကြောင်းပြောရင်း ၃၅ နှစ်အလွန်က အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှုအကြောင်းတြွေ ပန်ပြောရင်း ..]

နွေးထွေးပြူငှာကြတဲ့ မြန်မာပြည်သူများနှင့် သမ္မတကြီး ဦးဝင်းမြင့် ၊နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် .. တို့ကို ကျေးဇူး အထူးတင်ရှိပါကြောင်းရယ် .. ” ဟန်မြစ်ရဲ့ အံ့ဖွယ်ဘနန်းကနေဧရာဝတီရဲ့ အံ့ဖွယ်ဘနန်းအဖြစ် လက်ဆင့်ကမ်းသွားကြမယ် လို့ အဆုံးသတ်ထားပါတယ်

ကိုရီးယားတွေ စစ်ကြီးပြီးတဲ့နောက် အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ပြီး ဒီမိုကရေစီရအောင် အားထုတ်ခဲ့ရတာတွေ တိုင်းပြည်စီးပွားရေး အလျှင်အမြန်တိုးတက်အောင် ကျိုးပမ်းခဲ့နိုင်တာတွေကို တင်စားတဲ့အနေနဲ့ .. “ဟန်မြစ်ရဲ့ အံ့ဖွယ်ဘနန်းလို့ သုံးနှုန်းကြပါတယ်

Aung Myo Htet (လေးစားမှုဖြင့် ခရက်ဒစ်)

Facebook Comments
4K Shares